စိန်လက်စွပ်တော့ မဟုတ်ပေမဲ့ စိန်ပွင့်လိုလင်းလက်နေမှာပါ။
 

ကိုရီးယားအနုပညာတွေ ကမ္ဘာမှာ ထိုးဖောက်လာတာနဲ့အမျှ ကိုရီးယားအလှအပဖက်ရှင်တွေကလည်း ရေပန်းစားလာခဲ့ပါတယ်။ တောင်ကိုရီးယား လက်သည်းအလှဖန်တီးရှင် အွန်ကျောင်ပတ်ရဲ့ လက်သည်းဆိုးဆေးဒီဇိုင်းသစ်ကလည်း အလှအပကြိုက်သူတွေအဖို့ စိတ်ဝင်စားစရာဖြစ်လာတာပါပဲ။ သူ့ရဲ့ဒီဇိုင်းက လက်သည်းလေးတွေကို စိန်ပွင့်လို တလက်လက်တောက်ပစေတဲ့ ပုံစံမျိုးပါ။

[No available link text] 

ပတ်ရဲ့အင်စတာဂရမ်အကောင့်မှာ ဒီလိုလက်သည်းအလှဖော်ထားတဲ့ပံုံကို တင်လိုက်ချိန်ကစပြီး ဖက်ရှင်နဲ့အလှအပရေးရာ ဝက်ဘ်ဆိုက်တွေကို ချက်ခြင်းပျံ့နှံ့သွားပါတယ်။ 3D Led Diamond Nail လို့ အမည်ပေးထားတဲ့ လက်သည်းပုံစံက စိန်ပွင့်တွေလို ပြိုးပြက်လင်းလက်နေပြီး လက်သည်းအတို၊ အရှည်မရွေး လိုက်ဖက်ပါတယ်။ ဘယ်လိုမျိုး ပြုလုပ်ထားသလဲဆိုတာကိုတော့ ပတ်က ပြောမပြထားတာကြောင့် သိလိုသူတွေလည်း များပြားနေပါတယ်။

 

Teen Vogue ကတော့ ဒီလိုလက်သည်းဆိုးဆေးဟာ ဆယ်လိုဖိန်းအစား ဟော်လိုဂရပ်ဖစ်အပြားပါပါးလေးတွေပါတဲ့ လက်သည်းဆိုးဆေးရည်ဖြစ်နိုင်ပြီး စိန်ပွင့်ပုံစံဖြစ်လာစေမယ့် အဖတ်ကလေးတွေကို အပေါ်ကနေ တစ်ထပ် ထပ်ဆိုးလိုက်တာ ဖြစ်နိုင်တယ်လို့ ရေးထားလေရဲ့။

Source : Teen Vogue

Share

Loading Next Article...
က္က