အနုပညာရှင်တိုင်းလိုလိုက တင့်တယ်လှပအောင် ဆင်ယင်ကြတဲ့ပွဲပါ။
 

ရုပ်ရှင်နယ်ပယ်မှာ အော်စကာပြီးရင် ဒုတိယမြောက် အကြီးဆုံးဆုရယ်လို့ ခေါ်ဝေါ်ကြတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက်ညက ကျင်းပခဲ့ပါတယ်။ တန်ဖိုးထားရတဲ့ ဆုကြီးဖြစ်တာနဲ့အညီ အနုပညာရှင်တိုင်းလိုလိုက ဆန်းသစ်တဲ့ဖက်ရှင်ထက် တင့်တယ်လှပအောင်သာ ဦးစားပေးဆင်ယင်ကြတဲ့ပွဲပါ။ ဒီနှစ်မှာတော့ ဘယ်သူတွေရဲ့ဝတ်စုံတွေက အလှဆုံးဖြစ်ခဲ့သလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ကြည့်ရအောင်ပါ။ အလှဆုံးဝတ်လာတဲ့ ဆယ်လီတွေထဲက ၆ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

emma stone.jpg 

၁။ အမ်မာစတုန်း

ပန်းရောင်ဖျော့ဖျော့လေးကိုမှ တလက်လက်တောက်ပနေအောင် ငွေကြယ်တွေခြယ်မှုန်းထားတဲ့ အမ်မာစတုန်းရဲ့ ဝတ်စုံက Valentino ရဲ့ လက်ရာပါ။ အနောက်တိုင်းပွဲတက်ဝတ်စုံတွေမှာ မြင်ရလေ့ရရှိတဲ့အတိုင်း ရင်ညွှန့်တစ်လျှောက် V ပုံစံ ဟပြထားပြီး နောက်ကျောအလှကိုလည်း ဖော်ထုတ်ရတဲ့ ဝတ်စုံပါ။ အမ်မာက သူမရဲ့ La La Land ဇာတ်ကားထဲက ဇာတ်ဝင်ခန်းလို ကြယ်တွေအောက်မှာ လျှောက်လှမ်းတဲ့အသွင်မျိုးဖြစ်အောင် ဝတ်ဆင်ခဲ့ပုံရပါတယ်။

mandy more.jpg 

၂။ မန်ဒီမိုးရ်

ဒီဇိုင်နာ Naeem Khan ရဲ့ အနက်ရောင်ဝတ်စုံက မန်ဒီကို ပိုမိုကျက်သရေရှိသွားစေပါတယ်။ ရှင်းရှင်းလေးနဲ့ ကြည့်ကောင်းတဲ့ဖက်ရှင်ပါ။ V သဏ္ဍန် ရှေ့ကွဲလေးကို လက်နှစ်ဖက်မှာ ဖားဖားလေးဖြစ်အောင် ချထားလိုက်တော့ ပုဝါရှည်ကြီးကို ခြုံထားလိုက်သလိုပါပဲ။ ဝတ်စုံကို ဦးစားပေးထားတဲ့ မန်ဒီကလည်း လည်ပင်းမှာ ဘာကိုမှဆင်ယင်မထားခဲ့ပါဘူး။

ruth-negga-inline-48ac0acc-90aa-4967-968a-c986a8e8e6a8.jpg 

၃။ ရုသ် နက်ဂါ

ရွှေကမ္ဘာလုံးဆုပေးပွဲကို လှပပြီးဒရာမာဆန်တဲ့ဝတ်စုံ ဝတ်လာခဲ့မယ်လို့ ရုသ်က ပြောခဲ့ဖူးပါတယ်။ တကယ်တမ်း ပွဲကိုရောက်လာတော့ ဖက်ရှင်လောကရဲ့ထိပ်ခေါင် Louis Vitton ဝတ်စုံနဲ့ ရောက်လာခဲ့သူပါ။ တဖျတ်ဖျတ်တောက်နေတဲ့ ဝတ်စုံက လူငယ်ဆန်တဲ့အသွင် ပိုပြီးရောက်ပါတယ်။ ဒီပွဲကိုရောက်လာတဲ့ အခြားဆယ်လီတွေရဲ့ဖက်ရှင်တွေနဲ့ လုံးဝကွဲထွက်နေတာကလည်း ရုသ်ရဲ့အနားမှာ ဓာတ်ပုံဆရာတွေ ဝိုင်းနေဖို့ ဖြစ်သွားပါတယ်။

lily c.jpg 

၄။ လီလီကောလင်း

ဒီဖက်ရှင်ကတော့ ဒီဇိုင်နာရဲ့ ပေါင်းစပ်တတ်တဲ့ စိတ်ကူးအမြင်ကို ခံစားရမှာပါ။ အပေါ်ပိုင်းက ခန္ဓာကိုယ်နဲ့အတိ ဖြစ်နေစေမယ့် ကိုယ်လုံးလှဒီဇိုင်းမျိုးဖြစ်ပြီး ဒီအတိုင်းတောက်လျှောက် ခန္ဓာကိုယ်နဲ့အတိဆက်ပြီး ဆင်းမသွားဘဲ ကားကားလေးဖြစ်အောင် ပြောင်းလဲလိုက်တဲ့စိတ်ကူးက ဆန်းပါတယ်။ ပြီးတော့ အရောင်ကလည်း လီလီရဲ့နို့နှစ်ရောင် ဖြူဖွေးလှပတဲ့ အသားအရေနဲ့ ကွက်တိပါပဲ။

emily rajtaknowski.jpg 

၅။ အမ်မလီ ရက်တက်ကောင်းစကီ

ဖော်ချွတ်တွေနဲ့ ဆက်စီကျကျသာ နေထိုင်လေ့ရှိတဲ့ မော်ဒယ်လေးက ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေရောင်လွှမ်းခြုံပြီး ရောက်လာပါတယ်။ ရွှေဝါရောင်ပိုးသားဂါဝန်ရှည်ဟာ ရှေ့ဘက်ခြမ်းမှာ အပေါ်ကနေအောက်အထိ တောက်လျှောက်နီးပါး ခွဲထားတာပါ။ သူမရဲ့ အမျိုးသမီးသဘာဝအလှတွေကိုလည်း ခပ်ပါးပါးပဲ ပြသထားပါတယ်။ သွယ်လျတဲ့ ပေါင်တံရှည်တွေအတွက် အလိုက်ဖက်ဆုံးဝတ်စုံလို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်နာ Reem Arca ရဲ့ နောက်ဆုံးပေါ်လက်ရာပါ။

b.lively.jpg 

၆။ ဘလိတ်ခ် လိုက်ဗလီ

မင်းသမီးချော ဘလိတ်ခ်လိုက်ဗလီရဲ့ ဖက်ရှင်ကို ဗြိတိန်သတင်းဝက်ဘ်ဆိုက် Mirror က ရွေးချယ်တဲ့ အလှဆုံးပွဲတက်ဝတ်စုံတွေထဲမှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ တည်ငြိမ်တဲ့ အနက်ရောင်ကို ပြိုးပြက်တဲ့ အနားကွပ်တွေနဲ့ ပေါင်းစပ်ထားတာပါ။ ကတ္တီပါတွေ တစ်ကျော့ပြန်ခေတ်စားနေချိန်ဖြစ်လို့ အနက်ရောင်ကတ္တီပါကို ရွေးချယ်ခဲ့ခြင်းဟာ ဘလိတ်ခ်ရဲ့ ဖက်ရှင်အပေါ် အာရုံခံစားမှုကောင်းတာကို ပြသနေပါတယ်။

Photos : Forbes, Daily Mail, Mirror

Share

Loading Next Article...
က္က