ဆံပင်တွေ သိသိသာ ကျွတ်နေတယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ် ပြုလုပ်ပေးသင့်ပါတယ်။
 

မာလကာရွက်မှာ ဗီတာမင် စီ ကြွယ်ဝသလို ဆံပင်ကို အထောက်အကူပြုတဲ့ အဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဆံပင်တွေ ကျွတ်တဲ့အခါ သုံးနိုင်မယ့် နည်းလေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁ - လိုအပ်သည့် ပစ္စည်း

- မာလကာရွက် လက်တစ်ဆုပ်စာ

- ရေ တစ်လီတာ

၂ - ပြင်ဆင်ပုံ

P1050443.jpg 

- ရေတစ်လီတာကို ဆူလာတဲ့အထိ ပြုတ်ပါ။

- ဆူလာတဲ့အခါ မာလကာရွက်တွေကို ထည့်ပါ။ မိနစ် ၂၀ ထိ ပြုတ်ပေးရမှာ ဖြစ်ပါတယ်။

- ပြီးရင်တော့ အရွက်တွေကို စစ်ယူပြီး အရည်ကို အအေးခံထားရမှာ ဖြစ်ပါတယ်။

၃ - အသုံးပြုပုံ

Guava-Leaves-Tea.jpg 

- ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး အခြောက်ခံပါ။

- ဆံပင်ခြောက်သွားတဲ့အခါ အေးနေပြီဖြစ်တဲ့ မာလကာရွက်အရည်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဦးရေပြားထိ စိမ့်ဝင်အောင် လိမ်းပြီး ၁၀ မိနစ်ခန့်ကြာအောင် နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။

- ပြီးရင်တော့ နှစ်နာရီခန့်ကြာအောင်ထားပြီး ဆေးပေးပါ။ ပြန်ဆေးတဲ့အခါ ရေနွေးနွေးကို သုံးပေးရမှာပါ။

၄ - ကြိမ်ရေ

ဆံပင်တွေ သိသိသာ ကျွတ်နေတယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ ပုံမှန် ဆံပင်တွေကောင်းဖို့ သုံးတယ်ဆိုရင်တော့ တစ်ပတ်နှစ်ကြိမ် သုံးသင့်ပါတယ်။

Photos & Source: Craze

Share

Loading Next Article...
က္က