လိုက်ဖက်မှုမရှိဘူးလို့ မှတ်ချက်ပေးခံရတဲ့ ဝတ်စုံတွေပေါ့။
 

ရုပ်ရှင်လောကသားတွေရဲ့ ဒုတိယမြောက်အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကတော့ ပြီးသွားခဲ့ပါပြီ။ အပြိုင်အဆိုင် လှနေခဲ့ကြသူတွေရှိသလို ထင်သလောက်မလှနိုင်ခဲ့သူတွေလည်း ရှိပါတယ်။ တနင်္ဂနွေညရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲ ကော်ဇောနီလျှောက်လမ်းမှာတော့ ဒီဝတ်စုံတွေက လိုက်ဖက်မှုမရှိဘူးလို့ မှတ်ချက်ပေးခံနေရပါတယ်။


၁။ ကာရီအန်ဒါဝုဒ်

အဖတ်တွေအလိပ်အခွေတွေနဲ့ အပေါ်ပိုင်းမှာ ရှုပ်ထွေးနေသလောက် ခါးအောက်ပိုင်းမှာက အလွန်ကို ရိုးစင်းလွန်းတာဟာ အစပ်အဟပ်မတည့်ပါဘူး။ ဒီတော့ ကြည့်ရတာ မျက်စိထဲရှုပ်နေပါတယ်။ ဒီဇိုင်နာ အိုင်းရစ်ဆာဘန်ရဲ့လက်ရာလို့ သိရပါတယ်။

၂။ နစ်ကိုးကစ်ဒ်မန်း

ကော်ဇော်နီထက်မှာ အမြဲတမ်း ကျက်သရေရှိရှိ တင့်တယ်နေတတ်တဲ့ နစ်ကိုးကစ်ဒ်မန်းရဲ့အလှဟာ ဒီဝတ်စုံကြောင့် မှေးမှိန်သွားရပါတယ်။ တလက်လက်တောက်ပအောင် ငွေမှုန်တွေခြယ်၊ လက်နဲ့ ခြေထောက်အောက်ပိုင်းမှာ အဖတ်တွေ ပန်းပွားပုံစံတွေလုပ်ထားတာက နစ်ကိုးနဲ့ မလိုက်ဖက်ပါဘူး။ ကမ္ဘာကျော်ဒီဇိုင်နာကြီး အလက်ဇန္ဒားမက်ကွင်းရဲ့ဝတ်စုံက တခြားတစ်ယောက်ယောက်နဲ့ဆိုရင်တော့ လိုက်ဖက်လောက်ပါရဲ့။

 

၃။ ဆိုဖီယာဗဂါရာ

ဘော်ကြယ်တွေအရမ်းများနေတဲ့ ဝတ်စုံက ဆိုဖီယာရာရဲ့ကိုယ်ပေါ်မှာ တောင့်တောင့်ကြီးဖြစ်နေပါတယ်။ ဝတ်ထားရတာ သက်တောင့်သက်သာဖြစ်မလားဆိုတာတော့ သူမကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။

Photos : Getty, EPA, AP

၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အလှဆုံးပွဲတက်ဝတ်စုံ (၆) စုံ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က