သာမာန်မှန်လေးတစ်ချပ်တော့ မဟုတ်ဘူးပေါ့။
 

သင်က ဆယ်ဖီမကြာခဏ ရိုက်တတ်သူ ဟုတ်ပါသလား။ မကြာခဏ မဟုတ်ဘူးဆိုရင်တောင်မှ တခါတခါလေးတော့ ရိုက်ဖြစ်တယ်ဆိုရင်တော့ လက်ကိုဆန့်ပြီး ဖုန်းနဲ့ချိန်ဆရလို့ လက်ညောင်းတဲ့ဒုက္ခ မခံစားရစေဖို့ မှန်တစ်ချပ်က ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အလင်းရောင်နည်းနည်းနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အကူအညီပေးဦးမှာပါ။

 

Kickstarter ကုမ္ပဏီက ဖန်တီးလိုက်တဲ့ ဂျူနိုအမည်ရှိ မှန်ဝိုင်းလေးဟာ ပတ်ပတ်လည်မှာ အလင်းရောင်ထုတ်လွှတ်ပေးနိုင်ပြီး ဆယ်ဖီလည်း ရိုက်နိုင်မယ့် ထူးခြားတဲ့မှန်လေး ဖြစ်ပါတယ်။ ဆယ်ဖီရိုက်ချင်ရင်လည်း အခန်းတွင်းရိုက်တဲ့အလင်းထုတ်လွှတ်မှုဟာ အခန်းပြင်မှာထုတ်ပေးမယ့်အလင်းနဲ့ မတူညီအောင် ထုတ်ပေးနိုင်ပါတယ်။

အသုံးပြုမယ်ဆိုရင်တော့ ဖုန်းထဲမှာ ဂျူနိုရဲ့အက်ပလီကေးရှင်းကို ထည့်သွင်းထားရမှာပါ။ ဂျူနိုမှန်လေးတစ်ချပ်ကို အမေရိကန်ဒေါ်လာ ၅၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး မကြာခင် ရောင်းချတော့မှာဖြစ်ပါတယ်။

Source : Metro

Share

Loading Next Article...
က္က