ဆံပင်စည်းတဲ့အခါ မျက်နှာတင်းကြပ်သလိုပါ ခံစားနေရရင် အဆိုပါစည်းနှောင်မှုဟာ အလွန်တင်းကြပ်တဲ့ စည်းနှောင်မှု ဖြစ်ပါတယ်။
 

၁ - အပူပေးခြင်း

ဆံသားကို ကာကွယ်ပေးမယ့် ပစ္စည်းတစ်မျိုးမျိုးကို မလိမ်းဘဲ အပူချောင်းနဲ့ဆံပင်ကောက်တာ၊ ဖြောင့်တာတွေဟာ ဆံပင်ကျွတ်ရုံတင်မကဘဲ ဆံသားကို ပျက်စီးစေပါတယ်။ မွှေးညှင်းပေါက်တွေကို ခြောက်သွေ့သွားရုံတင်မကဘဲ ဆံသားလုံးတွေပါ ပါးစေပါတယ်။

၂ - ဘီးဖြီးခြင်း

shutterstock_127651454-brushing-often-africa-studio.jpg 

ဘီးဖြီးတာ ကောင်းပေမဲ့ ဘီးအလွန်အကျွံဖြီးရင်လည်း ဆံသားကျိုးတာ၊ ဆံသားကျွတ်တာတွေ ဖြစ်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဖြီးရင် လုံလောက်ပါတယ်။

၃ - စည်းခြင်း

shutterstock_318257735-hair-pulled-back-davorana.jpg 

ဆံပင် အနောက်ကိုလှန်ပြီး အမြဲတမ်း တင်းကြပ်အောင် စည်းနှောင်ခြင်း ဖြစ်ပါတယ်။ ဆံပင်တွေကို အမြစ်ကနေ ဆွဲထုတ်သလို ဖြစ်နေပါတယ်။ ဆံပင်စည်းတဲ့အခါ မျက်နှာတင်းကြပ်သလိုပါ ခံစားနေရရင် အဆိုပါစည်းနှောင်မှုဟာ အလွန်တင်းကြပ်တဲ့ စည်းနှောင်မှု ဖြစ်ပါတယ်။

၄ - ဆေးဆိုး

shutterstock_169786535-dyeing-hair-alex-oakenman.jpg 

ဆံပင်ကို အဆက်မပြတ် အရောင်အမျိုးမျိုး ပြောင်းဆိုးနေတာ ဖြစ်ပါတယ်။ ဆံပင်ဆိုးတဲ့အခါ အိမ်မှာ ဘယ်တော့မှ မဆိုးပါနဲ့။ ကျွမ်းကျင်သူဆီမှာပဲ ဆေးကောင်းကောင်းနဲ့ ဆိုးသင့်ပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က