အသီးနှစ်မျိုးပဲ လိုပါတယ်။
 

ပေါင်ကြား၊ ချိုင်းကြားတွေလို မမြင်ရတဲ့ အရေပြားအစိတ်အပိုင်းနေရာတွေဟာ မြင်ရတဲ့နေရာထက် ပိုပြီးညိုမည်းနေတတ်ပါတယ်။ အပြင်အရေပြားက ချွေးထွက်ရင် သုတ်လို့လွယ်ပေမယ့် ချိုင်းကြား၊ ပေါင်ကြားတွေကတော့ မလွယ်ဘူးလေ။ ချွေးနဲ့ အရေပြားဆဲလ်သေတွေ ပေါင်းမိသွားတာ ကြာလာတော့ အဲ့ဒီနေရာတွေက ညိုမည်းလာပါရော။ ကမ်းခြေသွားရင်၊ ရေကူးကန်သွားရင် ရေကူးဝတ်စုံလှလှလေးဝတ်ဖို့ မဝံ့မရဲ့ဖြစ်နေရသူတွေအတွက် ပေါင်ကြား ၊ ချိုင်းကြားတွေ ဖြူလာစေမယ့်နည်းတွေ ရှိပါတယ်။

lemon_625x350_61446604936.jpg 

သံပရိုသီး

ပေါင်ကြား၊ ချိုင်းကြားတွေ ညိုမည်းရတဲ့ အဓိကအကြောင်းကတော့ ချွေးထွက်လို့ပါပဲ။ သံပရိုသီးနဲ့ ပွတ်တိုက်ပေးရင် ချွေးကြောင့်ကျန်နေတဲ့ချေးတွေ၊ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာဖြစ်လို့ ညိုမည်းနေတာတွေ ပြောင်သွားပါလိမ့်မယ်။

papaya-seeds-for-liver-health-999x576.jpg 

သင်္ဘောသီး

အသားဖြူစေတဲ့ အလှကုန်ပစ္စည်း အတော်များများမှာ သင်္ဘောသီးကို ထည့်သွင်းဖော်စပ်တာ မြင်ဖူးကြမှာပါ။ သူက အမဲစက်တွေ အမှတ်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ သင်္ဘောသီးမှည့်နဲ့ ညိုမည်းနေတဲ့နေရာတွေကို ပွတ်တိုက်ပါ။ အနည်းဆုံး မိနစ် ၂၀ ကြာအောင်ထားပြီးမှ ရေပြန်ဆေးရမှာဖြစ်ပါတယ်။

Source : Steth

Share

Loading Next Article...
က္က