အားကစားရုံသွားမယ့်သူများ သိထားသင့်တဲ့အချက်များ
 

မိမိကိုယ်ခန္ဓာပုံစံကျဖို့ အားကစားရုံသွားပြီး အလေးမတာမျိုး၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရတာမျိုးကို ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ အားကစားရုံသွားတဲ့အခါမှာ ဒီပစ္စည်းလေးတွေကို သင်သယ်သွားဖို့ မမေ့ပါနဲ့။ သင့်အိတ်ထဲမှာ အကျႌ၊ ဘောင်းဘီ အပို တစ်စုံ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ တစ်ရှူးအစို၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ချွေးနံ့ပျောက်ဆေး၊ ဘီး၊ ခေါင်းစည်းကြိုး၊ အရေးပေါ်သုံးဖို့ ဂွမ်း၊ ပတ်တီး၊ ပလာစတာ၊ အကြောပြေလိမ်းဆေး၊ အမွေးရိတ်ဓားတွေပါတဲ့ အိတ်သေးသေးလေးတစ်လုံးလည်း သယ်သွားနိုင်ပါတယ်။ ရေဘူးတစ်ဘူးကို အမြဲဆောင်ထားသင့်ပြီး ချွေးထွက်ရင်သုတ်ဖို့ တဘက်သေးသေးတစ်ထည်လည်း လိုအပ်ပါလိမ့်မယ်။

 

သင်သွားတဲ့အခါမှာ သယ်သွားတဲ့အိတ်က အနံ့အသက် သိပ်မကောင်းဘူးလို့ထင်ရင် ခေါင်းလျှော်တဲ့အခါမှာ အစားထိုးသုံးတဲ့ Dry Shampoo ကို ဖြန်းပြီး အသုံးပြုနိုင်ပါတယ်။ Dry Shampoo ကို အိတ်ထဲ ဖြန်းလိုက်ပြီးရင် ခဏလေး အခြောက်ခံထားပေးပါ။ ခဏလေးအတွင်းမှာပဲ အဲဒီအိတ်ထဲက ချွေးနံ့၊ ဖုန်နံ့တွေ ပျောက်ကင်းသွားပါလိမ့်မယ်။ သင်အားကစားလုပ်ရင်း စီးတဲ့ရှူးဖိနပ်ကနေ အနံ့ထွက်ရင်လည်း ဒီနည်းကို အသုံးပြုနိုင်ပါတယ်။

 

နောက်တစ်နည်းကတော့ အိတ်ထဲကို သောက်ပြီးသား လက်ဖက်ရည်ထုပ်လေးတွေကို တစ်ညလောက် ထည့်ပေးထားရင်လည်း အနံ့ဆိုးတွေကို ပျောက်သွားစေပါတယ်။ အနံ့ပျောက်စေချင်တဲ့ ရှုးဖိနပ်ထဲထည့်ပြီးလည်း သုံးနိုင်ပါတယ်။

Source :  PopSugar

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က