ကိုယ့်ရဲ့လက်အလှကိုတောင် ပျက်စီးစေပါလိမ့်မယ်။
 

လက်သည်းဆိုးကို တစ်ထပ်ပြီးတစ်ထပ် အထပ်ထပ်ဆိုးရင် ပိုပြီးကြာကြာခံမယ်လို့ မှတ်ထင်နေတာက လွဲမှားမှုတစ်ခုပါ။ တကယ်တော့ လက်သည်းဆိုးဆေးကို သုံးလွှာထက် ပိုပြီးမဆိုးသင့်ပါဘူး။ ဘာကြောင့်မဆိုးသင့်လဲဆိုတာကို နယူးယော့ခ်အခြေစိုက် လက်သည်းအလှဖန်တီးရှင် ဂျင်ဆွန်းက ပြောပြထားပါတယ်။

 

လက်သည်းဆိုးဆေးဟာ အများဆုံး သုံးလွှာပဲ ဆိုးသင့်ပါတယ်။ အရောင်ကိုနှစ်ထပ်ဆိုးပြီးရင် အကြည်တစ်ထပ်ဆိုးလိုက်ရုံနဲ့ ပြည့်စုံသွားပါပြီ။ တကယ်လို့များ လက်သည်းဆိုးဆေးကို သုံးလွှာထက် ပိုပြီး ဆိုးလိုက်မိတဲ့အခါ လက်သည်းက ခုံးခုံးကြီးဖြစ်ပြီး မလှတော့ပါဘူး။ ကိုယ့်ရဲ့လက်အလှကိုတောင် အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ သူမက အကြံပေးထားပါတယ်။

Source : Allure

 

Share

Loading Next Article...
က္က