သဘာဝကျတဲ့ နှုတ်ခမ်းနီအရောင်ဆိုတာ ကိုယ့်နှုတ်ခမ်းသားပေါ်မှာသာ မူတည်ပါတယ်။
 

ဘယ်လိုမိတ်ကပ်မျိုးကိုပဲလိမ်းလိမ်း သဘာဝကျကျပုံစံလေးလောက် ဆွဲဆောင်အားကောင်းတာ မရှိပါဘူး။ မိတ်ကပ်ပါးပါးလိမ်းရင် လွယ်လွယ်နဲ့ပျက်သွားတော့ မိတ်ကပ်ကိုထူထူလိမ်းဖြစ်ကြပါတယ်။ ဒါပေမဲ့ ထူထဲလွန်းတဲ့မိတ်ကပ်က မျက်နှာကိုရင့်သွားစေပါတယ်။ နေ့စဉ်လိမ်းခြယ်နေရတဲ့ မိတ်ကပ်ကို သဘာဝကျကျလေးဖြစ်အောင် လိမ်းဖို့ဆိုတာကတော့ နည်းလမ်းတွေကိုသိရင် အလွယ်လေးပါ။

၁။ မိတ်ကပ်အောက်ခံ

ကိုယ့်အသားအရေနဲ့ အလိုက်ဖက်ဆုံးကို ရွေးရပါမယ်။ ကိုယ်က အဆီပြန်တတ်သူဆိုရင် အဆီမပါတဲ့မိတ်ကပ်အောက်ခံကိုရွေးပါ။ ကိုယ့်အသားအရောင်နဲ့တစ်သားတည်းဖြစ်တာမျိုး ဖြစ်ရပါမယ်။

၂။ ပါးနီ

ပန်းရောင်၊ အနီရောင်၊ မက်မွန်သီးရောင် စတဲ့ အရောင်အမျိုးမျိုးမှာ ရွေးရခက်နေပါသလား။ နှုတ်ခမ်းနီအရောင် ဒါမှမဟုတ် သဘာဝကျတဲ့အရောင်ကို ရွေးလိုက်ပါ။

 

၃။ Bronzer

မေးရိုးတွေကို တိတိကျကျ လှပသွားစေမယ့် ဘရွန်ဇာကလည်း အရောင်အမျိုးမျိုးရှိပါတယ်။ မိတ်ကပ်နဲ့ နှုတ်ခမ်းနီ၊ အဝတ်အစားကိုလိုက်ပြီး ရွေးရမှာပါပဲ။ ဒီတော့ ရင်ဘတ်ပေါ်မှာ အရောင်ကို အရင်စမ်းကြည့်ပြီးမှ အလိုက်ဖက်ဆုံးကို ပါးပြင်ပေါ်တင်လိုက်ပါ။

၄။ မျက်ခုံး

မျက်ခုံးမွှေးဆွဲတဲ့အခါ ကိုယ့်ရဲ့ဆံပင်အရောင်ထက် မဆိုစလောက်လေး ပိုပြီးရင့်တဲ့အရောင်က အလိုက်ဖက်ဆုံးပါပဲ။ မျက်လုံးကိုလည်း အရောင်ထွက်သွားအောင် လိုင်နာ၊ မျက်တောင်ကော့ဆေး ခပ်ပါးပါး ဆိုးပေးသင့်ပါတယ်။

 

၅။ နှုတ်ခမ်းနီ

သဘာဝကျတဲ့ နှုတ်ခမ်းနီအရောင်ဆိုတာ ကိုယ့်နှုတ်ခမ်းသားပေါ်မှာသာ မူတည်ပါတယ်။ နှုတ်ခမ်းသားအရောင်ထက် တစ်ဆင့်ပိုရင့်တာ ဒါမှမဟုတ် တစ်ဆင့်ပိုဖျော့က သဘာဝအကျဆုံး နှုတ်ခမ်းနီပါပဲ။ ခရင်မ်ဆန်ဆန် နှုတ်ခမ်းနီကလည်း ကိုယ့်ကို ပိုပြီးသဘာဝကျတဲ့အသွင် ဖြစ်ပေါ်စေပါတယ်။

Source : Women Mag

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> Matt နှုတ်ခမ်းနီကို အလှဆုံးဖြစ်အောင် ဘယ်လိုဆိုးမလဲ

Share

Loading Next Article...
က္က