လပိုင်းအတွင်းမှာတင် သိသိသာသာ လှပလာနိုင်ပါတယ်။
 

ထိုင်ထလေ့ကျင့်ခန်းဟာ တင်ပါးကိုလှပစေမှန်း အားလုံးသိထားပြီးဖြစ်မှာပါ။ နည်းစနစ်မှန်မှန်နဲ့ ဇွဲရှိရှိသာ ကစားပေးမယ်ဆိုရင် လပိုင်းအတွင်းမှာတင် သိသိသာသာ လှပလာနိုင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ထိရောက်မယ့် လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြည့်ပါဦး။

1.jpg 

၁။ အခြေခံထိုင်ထ (၁၅ ကြိမ်မှ အကြိမ် ၂၀)

အဆင့် ၁ - ခြေနှစ်ချောင်းကို ပခုံးအကျယ်လောက် ခွဲပြီး မတ်တပ်ရပ်ပါ။ လက်နှစ်ဖက်ကို လက်ခုပ်တီးမယ့်ပုံစံအတိုင်း ရင်ဘတ်ရှေ့မှာ ဆုပ်ကိုင်ထားရပါမယ်။ တံတောင်ဆစ်ကလည်း အတန်အသင့် ကွေးနေပါစေ။

အဆင့် ၂ - ဗိုက်သားတွေကိုတင်းပြီး တင်ပါးကိုနောက်ပစ်လိုက်ပါ။ ဒူးကိုကွေးပြီး ထိုင်ချလိုက်ရမှာဖြစ်ပါ။ အဆုံးထိ ထိုင်ချစရာမလိုပါဘူး။ ဒူးနဲ့ပေါင်က ၉၀ ဒီဂရီလောက် ဖြစ်သွားတဲ့အထိပဲ ထိုင်ရမှာဖြစ်ပြီး မတ်တပ်ပြန်ရပ်လိုက်ရမှာဖြစ်ပါတယ်။

 

2.jpg 

၂။ ဆူမိုထိုင်ထ (၁၅ ကြိမ်မှ အကြိမ် ၂၀)

အဆင့် ၁ - မတ်တပ်အနေအထားမှာ ခြေထောက်နှစ်ဖက်ကို ပခုံးထက်ကျယ်အောင်ကားပြီး ခြေချောင်းလေးတွေကိုပါ ကားထားလိုက်ပါ။ လက်နှစ်ဖက်ကို တင်ပါးနားမှာ ရှိပါစေ။

အဆင့် ၂ - တင်ကိုနောက်ပစ်ပြီး ထိုင်ချလိုက်ပါ။ ရင်ကိုကော့ တင်ကိုနောက်ပစ်လျက်သားအတိုင်းပဲ ရှိနေရမှာဖြစ်ပါတယ်။ ပြီးရင် မတ်တပ်ပြန်ရပ်လိုက်ပါ။

3.jpg 

၃။ တစောင်းအနေအထား (၁၅ ကြိမ်မှ အကြိမ် ၂၀)

အဆင့် ၁ - ဒူးကွေး ခြေကားပြီး ထိုင်လျက်အနေအထားမှာ လက်နှစ်ကို ဦးခေါင်းအနောက်မှာ ကပ်ထားရပါမယ်။ ကွေးထားတဲ့လက်နှစ်ဖက်က ပခုံးနဲ့ ရေပြင်ညီအနေအထားရှိနေပါစေ။

အဆင့် ၂ - မတ်တပ်ရပ်လိုက်ပါ။ ပုံစံမပျက်စေဘဲ ဘယ်ဘက်တံတောင်နဲ့ ထိအောင် ဘယ်ဒူးကိုမြှောက်ရပါမယ်။ ညာဘက်ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီလေ့ကျင့်ခန်းက တင်ပါးကိုသာမက ဗိုက်သားကိုပါ ကျစ်လျစ်စေနိုင်ပါတယ်။

Source : Shape

Share

Loading Next Article...
က္က