ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်လို့ အလှမပျက်ရအောင် လိမ်းပေးနိုင်ပါတယ်။
 

အသားအရေခြောက်သွေ့ခြင်းဟာလည်း အလှအပကို ပျက်စီးစေတဲ့အရာပါ။ ဘယ်လိုအသားအရောင်မျိုးပဲ ရှိနေပါစေ အသားအရေက ခြောက်သွေ့နေရင် ကြည့်မကောင်းပါဘူး။ စိုပြေတဲ့အသားရေကိုလည်း လူတိုင်းပိုင်ဆိုင်ချင်မှာပါ။ ဒီအတွက် ခက်ခက်ခဲခဲကြီး လုပ်ဆောင်စရာမလို၊ ငွေတွေအမြောက်အများမကုန်ဘဲ ဖြေရှင်းပေးနိုင်တာကတော့ သံလွင်ဆီပါပဲ။

ကျန်းမာရေးအတွက် အကောင်းဆုံးဆီလို့လည်း သံလွင်ဆီက အစားအစာတွေ ချက်ပြုတ်၊ သုပ်ရာမှာလည်း သုံးနိုင်တဲ့အပြင် အလှအပရေးရာအတွက်လည်း အသုံးတည့်တဲ့ အဖိုးတန်ဆီလည်း ဖြစ်ပါတယ်။ သံလွင်ဆီရဲ့ အသားအရေစိုပြေနိုင်စွမ်းဟာ ထူးခြားအံ့သြစရာကောင်းလောက်အောင် ထိရောက်ပါတယ်။

 

စိုပြေတဲ့အသားအရေကို ရရှိဖို့အတွက် သံလွင်ဆီစစ်စစ်ကိုပဲ လိုအပ်ပါတယ်။ Extra virgin စာတမ်းပါတဲ့ သံလွင်ဆီဘူးတွေက သံလွင်ဆီကလွဲရင် တခြားဘာမှရောမထားတာကို ဆိုလိုတာပါ။ ဒီသံလွင်ဆီစစ်စစ်ကိုပဲ ရေမချိုးခင်နဲ့ ရေချိုးပြီးအချိန်တွေမှာ အသားထဲစိမ့်ဝင်အောင် နှိပ်နယ်လိမ်းကျံပေးရမှာဖြစ်ပါတယ်။ ရေချိုးပြီးလိမ်းလို့လည်း သံလွင်ဆီက စေးကပ်ကပ်မဖြစ်စေပါဘူး။ နေ့စဉ်ပုံမှန်သာ ယခုလိုမျိုး လိမ်းသွားပေးမယ်ဆိုရင် စိုပြေတောက်ပတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

 

မော်ဒယ်သန္တာလှိုင်ဟာ ကလေးနှစ်ယောက်မွေးပြီးတာတောင် ဗိုုက်ကြောမပြတ်ဘဲ လှပနေရတာ သံလွင်ဆီကြောင့်လို့ ဆိုဖူးပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဗိုက်ကြောတွေပြတ်တာကို ပျောက်အောင် သံလွင်ဆီလိမ်းပါလို့ သူမက အကြံပေးဖူးပါတယ်။

Share

Loading Next Article...
က္က