သင်ဝတ်သွားတဲ့အရောင်ဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပုဂ္ဂိုလ်ရေးဘဝကို ထင်ဟပ်နိုင်ပါတယ်။ တွေ့နေကျမိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဖို့ဆိုရင် ကိစ္စမရှိပေမဲ့ လုပ်ငန်းသဘောပါဝင်တဲ့ ကိစ္စမျိုးတွေမှာတော့ အရေးကြီးပါတယ်။ တစ်ဖက်လူက အစပိုင်းမှာ သင့်ရဲ့သွင်ပြင်ကိုပဲ ကြည့်ပြီး အကဲဖြတ်မှာ ဖြစ်ပါတယ်။

၁ - အရောင်တောက်

 

နက်မှောင်တဲ့ အရောင်မျိုးဟာ သြဇာအာဏာရှိတဲ့ အသွင်ကို ဆောင်ပါတယ်။ အနက်ရောင်မှ မဟုတ်ဘဲ နက်ပြာရောင်တောက်တောက်မျိုး၊ အညိုရောင်ရင့်ရင့်မျိုးတွေဟာ တည်ငြိမ်ခန့်ညားတဲ့ အသွင်ကို ဆောင်ပါတယ်။

၂ - အရောင်နု

 

အရောင်နုတဲ့ အဝတ်အစားမျိုးဟာ သက်သောင့်သက်သာရှိပြီး ရင်းနှီးဖော်ရွေတဲ့ အသွင်ကို ဆောင်ပါတယ်။ သင့်ကိုကြည့်ရတဲ့လူက ခင်မင်တဲ့ ခံစားမှုမျိုးကို ဖြစ်စေပါတယ်။

၃ - အနီ

 

အနီက တွဲစပ်ထားတဲ့ အရောင်ပေါ်မှာလည်း မူတည်ပါတယ်။ နီညိုရောင်က ကြွယ်ဝပါးနပ်မှုကို ဖော်ပြပြီး အပြာ-အနီကတော့ ပြတ်သားမှုကို ဖော်ပြပါတယ်။ လိမ္မော်ရောင်နဲ့ အနီဆိုရင်တော့ တက်ကြွတဲ့ အသွင်ကိုဆောင်ပါတယ်။

၄ - ပန်းရောင်

 

ပန်းရောင်ကတော့ ချစ်ခြင်းရဲ့ အရောင်ဖြစ်ပါတယ်။ တစ်ဖက်လူကို ချစ်စိတ်နိုးကြားစေပါတယ်။

၅ - အဖြူရောင်

 

အဖြူရောင်ဟာ ရှင်းသန့်ကြည်လင်မှုအပြင် အမြင်သစ်၊ အတွေးသစ်တွေကို လက်ခံလွယ်သူလို တက်ကြွနေစေပါတယ်။

၆ - အဝါရောင်

 

အဝါရောင်ကတော့ နွေးထွေးမှုနဲ့ အကောင်းမြင်တတ်တဲ့ သွင်ပြင်ဆောင်ပါတယ်။

၇ - လိမ္မော်ရောင်

 

လိမ္မော်ရောင်ကတော့ ရဲတင်းတဲ့ အရောင်မျိုး ဖြစ်ပါတယ်။

၈ - ဆောင်းတွင်း

 

ဆောင်းတွင်း မနက်ခင်းပိုင်းဟာ အရောင်တောက်တောက်မျိုးနဲ့ ပိုလိုက်ပါတယ်။

၉ - နွေရာသီ

 

နွေရာသီမှာ အပြင်သွားတဲ့အခါ ပေါ့ပါးသိမ်မွေ့တဲ့ အရောင်မျိုးကို ရွေးသင့်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က