အိုင်အိုဒင်းလိုအပ်တဲ့အခါ မျက်အိတ်တွဲခြင်းအပြင် အသားအရေခြောက်သွေ့ပြီး ဝိတ်တက်တာတွေလည်း ဖြစ်နေတတ်ပါတယ်။
 

၁ - နှုတ်ခမ်းအရောင်ဖျော့ခြင်း

နှုတ်ခမ်းအရောင်ဖျော့ခြင်းဟာ သံဓာတ်လိုအပ်နေတာ ဖြစ်ပါတယ်။ သံဓာတ်အကောင်းဆုံးရရှိနိုင်တဲ့ အစားအစာတွေက အသား၊ ငါးနဲ့ ပဲတွေ ဖြစ်ပါတယ်။ သံဓာတ်အားဆေးမျိုးလည်း ဈေးကွက်ထဲမှာ ရှိပေမဲ့ သဘာဝအဟာရကိုသာ အဓိကထားသင့်ပါတယ်။

၂ - နှုတ်ခမ်းထောင့်ကွဲခြင်း

How-to-get-rid-of-cracks-in-corner-of-mouth.jpg 

ဇင့်၊ သံဓာတ်နဲ့ ဗီတာမင်ဘီ လိုအပ်တာ ဖြစ်ပါတယ်။ အသား၊ငါးနဲ့ ကြက်ဥတွေကို စားပေးသင့်ပါတယ်။ သံဓာတ်နဲ့ ဇင့်ဓာတ်တွေ စုပ်အားကောင်းစေဖို့အတွက် ဗီတာမင် C လည်း လိုအပ်ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာ ရရှိစေမယ့် အသီးအနှံတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

၃ - အနီကွက်

187115785_wide.jpg 

အနီကွက်တွေ ထတာဟာ ဗီတာမင် B7 လိုအပ်တာ ဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ်၊ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီတွေကို ဇီဝလုပ်ငန်းတွေ လုပ်ကိုင်စေဖို့ ဖြစ်ပါတယ်။ လက်သည်းနဲ့ဆံပင်တွေ သန်စွမ်းမှု သိပ်မရှိတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ကြက်ဥလို ဥတွေက အနှစ်ပိုင်းကို စားပေးသင့်ပါတယ်။

၄ - အဖု

maxresdefault.jpg 

ဝက်ခြံလို အဖုတွေ မျက်နှာမှာ ပေါက်တာဖြစ်ပါတယ်။ အိုမီဂါ သရီး၊ ဗီတာမင် A နဲ့ D တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ အိုမီဂါ သရီးအတွက် ငါးများများစားသင့်ပြီး ဗီတာမင် A အတွက် ကန်စွန်းဥနဲ့ အရွက်တွေကို စားပေးသင့်ပါတယ်။ ဗီတာမင် D အတွက်ကတော့ နို့ထွက်ပစ္စည်းတွေ စားသုံးပေးနိုင်သလို နေရောင်ခြည်အောက်မှာ နေခြင်းနဲ့လည်း ရရှိနိုင်ပါတယ်။

၅ - မျက်အိတ်တွဲခြင်း

6-Natural-Ways-to-Get-Rid-of-Puffy-Eyes-and-Dark-Circles_SLIDE6-630x560.jpg 

အိုင်အိုဒင်း လိုအပ်တာ ဖြစ်ပါတယ်။ မျက်အိတ်တွဲခြင်းအပြင် အသားအရေခြောက်သွေ့ပြီး ဝိတ်တက်တာတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် ပင်လယ်ငါးကို စားပေးသင့်ပြီး ဆား စားပေးခြင်းနဲ့လည်း လိုအပ်နေတဲ့ အိုင်အိုဒင်း ဓာတ်ကို ရရှိနိုင်ပါတယ်။

Photos & Source: Wellness

Share

Loading Next Article...
က္က