ကလေးတွေအတွက် အပျင်းလည်းပြေ ဉာဏ်စွမ်းလည်းတိုးပွားတာပေါ့။
 

နှင်းပွင့်ဖတ်ပုံစံလေးတွေကို ကာတွန်းအဖြစ် ရေးဆွဲပုံဖော်တဲ့အခါ သိပ်ကို လှပပါတယ်။ ဒီလိုနှင်းပွင့်ဖတ်ကလေးရဲ့ ပုံစံနဲ့ အသုံးတည့်မယ့်အရာလေးတွေကို ဖန်တီးကြည့်ရအောင်ပါ။ မိမိကိုယ်တိုင်အတွက်လည်း အပျင်းပြေပြုလုပ်နိုင်တဲ့ လက်မှုပစ္စည်းဖြစ်သလို ကလေးတွေကိုလည်း ဉာဏ်ရည်ဉာဏ်သွေးမြင့်တက်အောင် ပြုလုပ်စေခိုင်းလို့ ရပါတယ်။

 

အိမ်တွင်းမှာလည်း အလှဆင်လို့ရတဲ့ စက္ကူနှင်းပွင့်ဖတ်လေးကို ပြုလုပ်ရအောင်ပါ။ လိုအပ်တဲ့ပစ္စည်းတွေက - စက္ကူနဲ့ ကပ်ကြေးတို့ပဲ ဖြစ်ပါတယ်။

 

ပြုလုပ်နည်း

စက္ကူစလေးကို အလယ်ကနေ ခေါက်ချိုးညီညီနဲ့ နှစ်ပိုင်းခေါက်လိုက်ပါ။ နောက်ထပ် ခေါက်ချိုးညီ နှစ်ပိုင်း ထပ်ပိုင်းပါ။ ဒါကိုပဲ နောက်တစ်ကြိမ် ခေါက်ချိုးညီနှစ်ပိုင်း  ခေါက်လိုက်ပါဦး။ စက္ကူကြီးရင်ကြီးသလောက် စိတ်တိုင်းကျ ခေါက်လို့ရပါတယ်။ ပုံလှလှလေးလိုချင်ရင် အပေါ်မှာ ခဲတံနဲ့ပုံဆွဲပေါ့။ စိတ်ထဲပေါ်တဲ့အတိုင်း ကပ်ကြေးနဲ့ လက်တန်းညှပ်ချလိုက်လည်း ရပါတယ်။ အပြင်ဘက်အပိုင်းကို အရင်ညှပ်ပါ။ ပြီးတော့မှ အတွင်းသားတွေကို အနုစိတ်ညှပ်ပေးရမှာဖြစ်ပါတယ်။ ခေါက်ထားတာကို ဖြည်းဖြည်းချင်း ဖြည်လိုက်ပါ။ လှပတဲ့ နှင်းပွင့်ဖတ်ကလေး ရလာတာကို တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့နှင်းပွင့်ဖတ်ကလေးကို ဆေးရောင်ခြယ်ပြီး နံရံမှာ ကော်နဲ့ကပ်ကာ အလှဆင်လို့လည်း ရတာပေါ့။

Share

Loading Next Article...
က္က