ညအိပ်တဲ့အခါ ဘရာကျပ်ကျပ်တွေဝတ်ပြီး မအိပ်ပါနဲ့။
 

ဘရာစီယာ (Brassiere) လို့ ဆိုလိုက်တာနဲ့ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အတွင်းမှာဝတ်ရတယ်ဆိုပြီး ဖြစ်ကတတ်ဆန်း ဝယ်တာမျိုး မလုပ်သင့်ပါဘူး။ ဘရာကောင်းကောင်းတစ်ထည်က မိန်းကလေးတစ်ယောက်ကို ပိုမိုစမတ်ကျစေသလို ဆွဲဆောင်မှုလည်း ပိုလာစေပါတယ်။ ကိုယ့်ရဲ့ဘရာလေးတွေကို စနစ်တကျ ထိန်းသိမ်းတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့တော့ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘရာစီယာနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေကို ပြောပြမလို့ပါ။

၁။ ကိုယ့်အတွက်အကောင်းဆုံးဘရာဆိုတာ

ဘရာစီယာဆိုတာ အကျႌအောက်မှာဝတ်ရတယ်ဆိုပေမဲ့ ကိုယ်နဲ့သက်တောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။ ဝတ်ထားတိုင်း သက်တောင့်သက်သာမဖြစ်ရဘူးဆိုရင် ဒါကို ဘရာကောင်းတစ်ထည်လို့ ဆိုလို့မရပါဘူး။ အဲ့ဒီအတွက် ကိုယ့်ဘရာဆိုဒ်ကို သေသေချာချာသိထားဖို့လိုပါတယ်။

professional-bra-fitting-horiz_xj8xjr.jpg 

၂။ ဘရာဝယ်မယ်ဆိုရင်

ကိုယ့်ရဲ့ဆိုဒ်ကို သိထားပြီဆိုရင် ဝယ်ရတာ မခက်ပါဘူး။ ကိုယ့်ဆိုဒ်နံပါတ်အပြင် A,B,C,D စတဲ့ cup size ကိုပါ တိတိကျကျသိထားဖို့တော့ လိုတာပေါ့။ ဘရာတစ်ထည်ကို ဝယ်မယ်ဆိုရင် စမ်းဝတ်ပြီးမှဝယ်ရင် အကောင်းဆုံးပါပဲ။

01-11-common-bra-mistakes-clasp.jpg 

၃။ ဘယ်လိုဝတ်မလဲ

ဘရာတွေက ဝတ်တာကြာလာရင် ချောင်သွားတာဆိုတော့ အချောင်ဆုံးချိတ် (နောက်ဆုံးချိတ်)နဲ့ တော်တာကို ဝယ်ထားလိုက်တဲ့အခါ နောက်ပိုင်း ဘရာက လျော့တိလျော့ရဲဖြစ်လာချိန်မှာ ချိတ်ကို တစ်ဆင့်ချင်းတိုးသွားလို့ရတယ်လေ။ ဝယ်ပြီးခါစမှာ ရှေ့ဆုံးချိတ်နဲ့စဝတ်ပါ။ ဝတ်ပါများလာလို့၊ လျှော်တာများလာလို့ လျော့တိလျော့ရဲလည်းဖြစ်လာချိန်မှာ ချိတ်ကို တစ်ဆင့်ချင်းနောက်ဆုတ်သွားရုံပေါ့။ ပြီးတော့ ဘရာကြိုးကို လိုအပ်တာထက်ပိုပြီး တင်းနေအောင် မထားပါနဲ့။ ဇက်ကြောတက်တာတွေ၊ အရှိုးရာကျန်တာတွေ ဖြစ်လာမှာစိုးလို့ပါ။ ရင်သားတွေကို အဓိကထိန်းပေးတာ ဘရာအုံနဲ့ ကျောပတ်လည်ကကြိုးပဲဖြစ်ပါတယ်။ ပခုံးပေါ်တင်ရမယ့်ကြိုးကို သက်တောင့်သက်သာပဲရှိပါစေ။

aid403231-728px-Rinse-bra-off-Step-6.jpg 

၄။ လျှော်တဲ့အခါ

ဘရာစီယာဟာ တစ်ခါဝတ်ပြီးတိုင်း တစ်ခါမလျှော်သင့်ပါဘူး။ ပျှမ်းမျှအားဖြင့် သုံးကြိမ်ကနေ ခြောက်ကြိမ်အတွင်း ဝတ်ပြီးမှ လျှော်ဖွတ်သင့်ပါတယ်။ ဘရာစီယာလျှော်တဲ့အခါ ဆပ်ပြာမှုန့် နည်းအောင်တော့  ဂရုစိုက်ရမှာပါ။ လျှော်ရင် ဘရာကို လိမ်ညှစ်တာမျိုး မလုပ်ပါနဲ့။ ပုံစံပျက်သွားနိုင်လို့ပါ။ (ဆက်စပ်ဖတ်ရှုရန် ---> ဘရာစီယာ လျှော်ဖွတ်တဲ့အခါ အမြဲမှားတတ်ကြတဲ့ အမှား (၅) ခု )

Wash-a-Bra-Step-16-Version-2.jpg 

၅။ လှန်းရင်

သဘာဝနေရောင်လေးနဲ့ပဲလှန်းပါ။ အပူပေးစက်တွေ၊ အခြောက်ခံစက်တွေထက် သဘာဝနေရောင်က အကောင်းဆုံးပါပဲ။ လှန်းတဲ့အခါ ချိတ်မှာ ဘရာကြိုးကိုချိတ်ပြီး လှန်းတာမျိုးက ကြိုးရဲ့တင်းရင်းမှုကို ဖျက်ဆီးနိုင်ပါတယ်။ စင်ပေါ်မှာပဲ ခေါက်ချိုးပုံစံနဲ့လှန်းထားပါ။

bras-e1467159135313.jpg 

၆။ သိမ်းဆည်းနည်း

ဘရာတွေကို သိမ်းဆည်းရတဲ့ သီးသန့်အိတ်လေးတွေရှိပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘရာတွေထားဖို့ အံဆွဲသပ်သပ်၊ နေရာသပ်သပ်မှာ ခွက်နှစ်ခုလုံးချပြီး အသားတကျထားတာက ဘရာတွေကို ပုံမပျက်စေပါဘူး။

maxresdefault.jpg 

၇။ ရှိထားသင့်တဲ့ဘရာတွေ

ကြိုးပျောက်ဘရာကတော့ ပုခုံးကျယ်ကျယ်အကျႌတွေနဲ့ ရင်ပြတ်အကျႌတွေဝတ်တဲ့အခါမျိုးမှာ ဝတ်ဖို့ပါ။ ကြိုးအကြည်နဲ့ဘရာတွေထက်စာရင် ကြိုးပျောက်ဘရာကသာ ကိုယ့်ရဲ့ပခုံးအလှကို ပေါ်လွင်စေတာပါ။ ကိုယ့်အသားအရောင်နဲ့ ထပ်တူကျတဲ့အရောင် ဒါမှမဟုတ် အနီးစပ်ဆုံးအရောင်နဲ့ ဘရာတစ်ထည်ကိုလည်း ဝယ်ထားပါဦး။ အကျႌပါးပါးတွေဝတ်တဲ့အခါမျိုးမှာ အကျႌအောက်က ဘရာစီယာအရောင်ပေါ်နေတာမျိုးက မလှဘူးလေ။

Share

Loading Next Article...
က္က