အလွယ်ဆုံးနည်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်ပါ။
 

မျက်ကွင်းညိုခြင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝတာ၊ ကွန်ပျူတာအကြည့်များတာတွေကတော့ အဓိကအကြောင်းရင်းတွေပါပဲ။ မျက်ကွင်းညိုညိုတွေက ကိုယ့်ရဲ့ရုပ်ဆင်းသွင်ပြင်ကို ကြည့်ရဆိုးစေတာတော့အမှန်ပါ။ မိန်းကလေးတွေဆိုရင်လည်း မျက်ကွင်းတွေညိုနေရင် မိတ်ကပ်လိမ်းရတာလည်း အဆင်မပြေတော့ပါဘူး။ မျက်ကွင်းညိုနေတာကို အလွယ်ဆုံးနည်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်ပါ။

Cucumbers-treat-darkness-below-eyes.jpg 

၁။ သခွားသီး

သခွားသီးက အသားအရေကို ကြည်လင်ဖြူဖွေးစေပါတယ်။ မျက်စိကိုလည်း အေးစေပြီး လန်းဆန်းမှုကိုပါ ခံစားရပါလိမ့်မယ်။ သခွားသီးကို အကွင်းပါးပါးလေးတွေလှီးပြီး မိနစ် ၃၀ ခန့် အအေးခံပါ။ မျက်လုံးမှာ ၁၀ မိနစ်ကပ်ထားပြီး ရေနဲ့ပြန်ဆေးပါ။ တစ်နေ့ကို နှစ်ကြိမ် ဆက်တိုက်လုပ်ပေးရမှာဖြစ်ပါတယ်။

potato-juice.jpg 

၂။ အာလူး

အာလူးမှာပါဝင်တဲ့ ဂုဏ်သတ္တိကတော့ အရောင်တွေကိုချွတ်ပေးနိုင်တာပါ။ မျက်ဝန်းတစ်ဝိုက်က ညိုမဲနေတဲ့ အသားအရောင်ဟာ အာလူးကြောင့် အရောင်ဖျော့သွားပြီး ပင်ကိုယ်အသားအရောင်ဖြစ်လာစေပါတယ်။ ဒါတင်မက မျက်အိတ်တွဲတာကိုလည်း သက်သာစေပါတယ်။ အာလူးကို ရေခဲသေတ္တာထဲမှာထားပြီး အရည်ညှစ်ပါ။ ရတဲ့အရည်ကို ဂွမ်းလေးနဲ့ မျက်ကွင်းညိုတဲ့နေရာတွေမှာ ၁၅ မိနစ် သုတ်ထားပြီး ရေပြန်ဆေးလိုက်ရုံပါပဲ။

(ဆက်စပ်ဖတ်ရှုနိုင်ရန် ----> အာလူးရည်ရဲ့ အစွမ်း )

spoon-for-eyebags.jpg 

၃။ စတီးဇွန်း

ဒီနည်းက အလွယ်ကူဆုံး ဖြစ်ပါလိမ့်မယ်။ စတီးဇွန်းကို ရေခဲသေတ္တာထဲမှာ ခဏလောက်ထားပြီး မျက်လုံးကိုကပ်ပေးရင် မျက်ကွင်းညိုတာ သက်သာပြီး မျက်အိတ်တွဲတာ ပျောက်သွားပါလိမ့်မယ်။ အဓိကကတော့ မျက်အိတ်တွဲတာကို ပျောက်စေတာပါ။

Share

Loading Next Article...
က္က