နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားဆဲလ်တွေကို ပျက်စီးစေပါတယ်။
 

အသားဆိုတာ ဖြူမှလှတာမဟုတ်ပါဘူး။ အသားဆွတ်ဆွတ်ဖြူနေပြီး စိုပြေမှုမရှိဘူးဆိုရင် ပိုးဟပ်ဖြူတစ်ကောင်နဲ့ပဲ တူနေပါလိမ့်မယ်။ အသားအရေကို တင်းရင်းအောင်၊ စိုပြေအောင်၊ ဖြူအောင် စတဲ့ ဆေးအမျိုးအမျိုး၊ အလှကုန်အမျိုးမျိုး သုံးစွဲကြပေမဲ့ ကိုယ်တိုင်ဂရုစိုက်ဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။ အသားအရေက ရှိသင့်တဲ့အရွယ်ထက် ပိုပြီးရင့်ရော်နေရတာဟာ ဒါတွေကို ဂရုမစိုက်လို့ ဖြစ်နေရတာပါ။

men-wash-face-soap-1.jpg 

၁။ မျက်နှာသစ်ပါ

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။ ညဘက် မအိပ်ခင် မိတ်ကပ်တွေကိုဖျက်ပြီး မျက်နှာကို သေသေချာချာ သန့်စင်ပြီးမှ အိပ်ရပါမယ်။

 

၂။ ရေဓာတ်ဖြည့်ခရင်မ်

အသားအရေကို စိုပြည်စေမယ့် ရေဓာတ်ဖြည့်ခရင်မ် (Moisturizer) ကို နေ့တိုင်းလိမ်းပေးဖို့ မမေ့ပါနဲ့။ ရာသီဥတုက ပူလိုက်၊ အေးလိုက်နဲ့ ခြောက်သွေ့တဲ့အပူချိန်ကြောင့် အသားအရေပျက်စီးမှုတွေ ဖြစ်ရပါတယ်။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးဖို့ ခရင်မ်ကိုလူးဖို့လိုတာပါ။

getty_rr_photo_of_girl_with_tan_lines.jpg 

၃။ နေရောင်ခြည်

နံနက်ခင်းနေခြည်နွေးနွေးကလွဲရင် တခြားအချိန်နေရောင်တွေက အသားအရေကို ဖျက်ဆီးတာပါပဲ။ နေလောင်ဒဏ်ခံရပါများတဲ့ အသားအရေဟာ အရွယ်မတိုင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားဆဲလ်တွေကို ပျက်စီးစေလို့ပါပဲ။ ဒါတင်မက တင်းတိပ်နဲ့ မှဲ့ခြောက်တွေလည်း ဖြစ်စေပါသေးတယ်။

၄။ အိပ်ရေးဝဝ

အိပ်ရေးမဝရင်လည်း အသားအရေက ပျက်စီးပြန်ရောလေ။ လှပတဲ့အသားအရေကို ရရှိဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ၇ နာရီတော့ အိပ်ပေးဖို့လိုပါတယ်။ အိပ်ရေးဝ၀ မအိပ်တဲ့လူရဲ့ အသားအရေဟာ ပုံမှန်ထက် ငါးနှစ်စာလောက် ပိုပြီးရင့်ရော်စေပါတယ်။

Guide-to-Healthy-Eating-Feature-OPT.jpg 

၅။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်

မိန်းကလေးတွေက ချဉ်ငံစပ်အရသာကို ပိုကြိုက်ကြပါတယ်။ အဲ့ဒီ အရသာကပဲ အသားအရေကို ပျက်စီးစေတာပေါ့။ ဆီများတာတွေကိုလည်း ရှောင်ကြဉ်မှ အသားအရေက မရင့်ရော်မှာပါ။ သဘာဝနည်းနဲ့စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက အသားအရေကို လှပစေမယ့် အကောင်းဆုံးအစားအစာတွေပါပဲ။

၆။ ရေသောက်ပါ

တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်ပါ။ ရေဓာတ်မပြည့်ရင်လည်း အသားအရေက မွဲခြောက်ခြောက်ဖြစ်ရပါတယ်။ ဟင်းသီးဟင်းရွက်စား၊ ရေသောက်တော့ ဝမ်းမှန်ပြီး ဝက်ခြံထွက်တာတွေ နည်းသွားပါလိမ့်မယ်။

Share

Loading Next Article...
က္က