မှားယွင်းတဲ့ယုံကြည်မှုတွေကို ခုပဲစွန့်လွှတ်လိုက်ပါ။
 

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုလာတဲ့အခါ နေလို့မကောင်းတော့ပါဘူး။ သွားလာလှုပ်ရှားရတာလည်း လေးလံနှေးကွေးလာပါတယ်။ ရောဂါဘယတွေလည်း ဝင်လာတော့မှာမို့လို့ ရှိသင့်တဲ့ကိုယ်အလေးချိန်ရောက်အောင် ပြန်လည်ထိန်းညှိဖို့လိုပါတယ်။ ဝိတ်ချဖို့အတွက် အကောင်းဆုံးနည်းကတော့ လေ့ကျင့်ခန်း (Work Out) လုပ်ပြီး အစားအသောက်ဆင်ခြင်တာပါပဲ။ လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ မှားယွင်းထင်မြင်နေတဲ့အရာတွေလည်း ရှိပါတယ်။

2017-01-20_115313.jpg 

၁။ ဓာတ်ဆားရည် (Electrolytes Drink)

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဓာတ်ဆားပါတဲ့ဖျော်ရည်တွေ မဖြစ်မနေသောက်ဖို့မလိုပါဘူး။ လေ့ကျင့်ခန်းအမျိုးအစားနဲ့ အချိန်ပေါ်လည်း မူတည်ပါတယ်။ ချွေးတွေအရမ်းထွက် အချိန်နာရီပေါင်းများစွာလုပ်မှ သောက်ဖို့လိုတာပါ။ ဓာတ်ဆားပါတဲ့အားဖြည့်အချိုရည်တွေက သကြားဓာတ်တွေပါဝင်နေလို့ ဝိတ်ကျဖို့တောင်နှေးသွားနိုင်ပါတယ်။ ဓာတ်ဆားရည်အစား အုန်းရည်သောက်ရင် ပိုကောင်းပါတယ်။

2017-01-20_115302.jpg 

၂။ သက်လုံကောင်းတဲ့လေ့ကျင့်ခန်းကို အရင်လုပ်ခြင်း (Cardio)

ကိုယ်တကယ်လုပ်ရမယ့် လေ့ကျင့်ခန်းတွေမစမီမှာ Cardio (သက်လုံကောင်းမယ့်လေ့ကျင့်ခန်း) ကို အရင်လုပ်ရတယ်ဆိုတာလည်း မမှန်ပါဘူး။ ဘာလေ့ကျင့်ခန်းမှ မလုပ်ရသေးဘဲ ပြေးစက်ပေါ်မှာအရင်ပြေးလိုက်တော့ ခန္ဓာကိုယ်က စောစောစီးစီးနွမ်းနယ်သွားရောလေ။ တကယ် အားစိုက်လုပ်ရမယ့်လေ့ကျင့်ခန်းတွေကို မလုပ်နိုင်တော့ပါဘူး။ Cardio မလုပ်ဘဲ သွေးပူလေ့ကျင့်ခန်းကို အရင်လုပ်သင့်ပါတယ်။

 

၃။ ထိုင်ထကြောင့် ဒူးကိုထိခိုက်တယ်

ဒါကလည်း ထင်ထားသလို မဟုတ်ပါဘူး။ ထိုင်ထလေ့ကျင့်ခန်းတွေက ဒူးနဲ့ ဒူးထဲကအရွတ်ကို ပျက်စီးစေတယ်ဆိုတာ ကိုယ်နေဟန်ထား မမှန်မှ ဖြစ်တာပါ။ ဒူးကို ခြေမနဲ့အညီထား၊ တင်ပါးကို နောက်ပစ်ထားရင် ဒူးအတွက် ထိခိုက်စရာမရှိပါဘူး။ ကိုယ့်ရဲ့ထိုင်ထလေ့ကျင့်တဲ့ပုံစံ မှန်ကန်ဖို့တော့ အရေးကြီးပါတယ်။ (ဆက်စပ်ဖတ်ရှုနိုင်ရန်---> ဖွံ့ထွားစွင့်ကားတဲ့ တင်ပါးလှလှရဖို့ ထိရောက်တဲ့ထိုင်ထလေ့ကျင့်ခန်း (၃) မျိုး )

Girl-lifting-light-weights-resized.jpg 

၄။ မိန်းကလေးတွေ အလေးမဖို့မလို

အလေးတုံးတွေကို မရင် မိန်းကလေးတွေက ကြွက်သားတွေထွက်ပြီး ကြည့်မကောင်းတော့မှာ စိုးရိမ်ကြပါတယ်။ ဝိတ်မရုံနဲ့ ကြွက်သားအဖုအထစ်တွေထွက်လာဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ Gym က နည်းပြကလည်း ကာယဗလမယ် ဖြစ်ချင်တဲ့လူကိုသာ ဗလတက်အောင် လေ့ကျင့်ပေးမှာပါ။ ကိုယ်အလေးချိန်အလိုက် သင့်လျော်တဲ့ဝိတ်တုံးနဲ့ လေ့ကျင့်ခြင်းဟာ အသားတွေကျစ်လျစ်သွားစေဖို့သက်သက်ပါပဲ။

images.jpg 

၅။ အသက် ၄၀ ကျော်ရင် ကြွက်သားမထွက်တော့ဘူး

အသက် ၄၀ ကျော်သွားတဲ့ အမျိုးသားတွေဟာ ဘယ်လောက်ပဲကြိုးစားကြိုးစား ကြွက်သားတွေထွက်လာတော့မှာမဟုတ်ဘူးဆိုတာလည်း မှားပါတယ်။ တရုတ်နိုင်ငံက အသက် ၈၀ ကျော် အဘိုးတစ်ဦးဆိုရင် အသက်ကြီးမှ လေ့ကျင့်ခန်းတွေလုပ်ရင်း ကြွက်သားအဖုအထစ်တွေထွက်လာလို့ မော်ဒယ်တောင်လုပ်နေရပါတယ်။ အစားအသောက်ကိုဂရုစိုက်ပြီး နည်းစနစ်မှန်မှန်နဲ့ စနစ်တကျလေ့ကျင့်မယ်ဆို မဖြစ်နိုင်စရာမရှိပါဘူး။

Source & Photo : TOI

Share

Loading Next Article...
က္က