ခေါင်းလျှော်တဲ့အခါ နှစ်ကြိမ်လျှော်ရမှာဖြစ်ပါတယ်။
 

အနည်းဆုံး တစ်ပတ်ကိုတစ်ကြိမ် ခေါင်းလျှော်ပေမဲ့ နည်းစနစ်မှန်မှန်နဲ့ ခေါင်းလျှော်မှသာ ဆံပင်အတွက် အကောင်းဆုံးရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ဆံပင်အတွက် အကောင်းဆုံးရလဒ်ကို ပေးစွမ်းမယ့် ခေါင်းလျှော်နည်းကို ဆံပင်ပညာရှင် ဂျော့ချ် နော်သန်ဝုဒ်က ပြောပြထားပါတယ်။ သူက နာမည်ကျော်မော်ဒယ်တွေဖြစ်တဲ့ အဲလက်ဇာချောင်၊ ရိုစီဟန်တင်တန်ဝှိုက်တလေနဲ့ အော်စကာဆုရှင် အလစ်စီယာ ဗီကန်ဒါတို့ရဲ့ ဆံပင်တွေကို ပြုပြင်ပေးခဲ့သူပါ။

 

လူအများစုဟာ ခေါင်းလျှော်တဲ့အခါ ဆံပင်ကိုသေသေချာချာ သန့်စင်သွားအောာင် မဆေးကြလို့ ဆံကေသာအရောင်က မှေးမှိန်ပြီး တောက်ပမှုအားနည်းသွားရတယ်လို့ နော်သန်ဝုဒ်က ပြောပါတယ်။ ခေါင်းလျှော်တဲ့အခါ နှစ်ကြိမ်လျှော်ရမှာဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ဖုန်၊ အဆီနဲ့အညစ်အကြေးတွေ စင်သွားဖို့ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ လုံးဝကိုပြောင်စင်ရှင်းသန့်သွားဖို့အတွက်ပါ။

 

ပထမတစ်ကြိမ်လျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်အများကြီးထည့်စရာမလိုပါဘူး။ ပထမအကြိမ်လျှော်တဲ့အခါ ဖုန်နဲ့အဆီတွေကြောင့် အမြှုပ်သိပ်မထွက်တဲ့အခါ ခေါင်းလျှော်ရည်ကို အများကြီးထည့်မိတတ်ကြပါတယ်။ လိုတာထက်ပိုများတဲ့ ခေါင်းလျှော်ရည်ပမာဏကြောင့် ဆံပင်အရောင်တောက်ပမှု နည်းသွားရတယ်လို့ နော်သန်ဝုဒ်ကပြောပါတယ်။ ဆံပင်ပျော့ဆေး (conditioner) ကိုလည်း ကိုယ့်ရဲ့ဆံပင်အမျိုးအစားအပေါ်လိုက်ပြီး ရွေးချယ်ဖို့လိုကြောင်း သူက အကြံပေးထားပါတယ်။

Source : Vogue

Share

Loading Next Article...
က္က