မျက်ခုံးမွေးတွေကို ပုံကျသွားအောင် ဘရပ်ရှ်လေးနဲ့ ခြစ်ပြီးညှိထားပါ။
 

အလန်းစားကောင်မလေးတွေကိုကြည့်လိုက်ရင် မျက်ခုံးမွေးကို သေသေသပ်သပ်နဲ့ လှလှပပလေးပြင်ထားတာ တွေ့ရမှာပါ။ မျက်ခုံးဟာ မျက်နှာကို ပိုမိုထင်ရှားပေါ်လွင်စေတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် မိတ်ကပ်လိမ်းခြယ်မှုမှာတော့ မျက်ခုံးမွေးကို သဘာဝကျကျနဲ့ ထူထူလေး ပြင်ဆင်ကြပါတယ်။

မျက်ခုံးလှလှလေးဖြစ်ဖို့ဆိုရင် မျက်ခုံးမွေးဆွဲခဲတံ၊ မျက်တောင်ကော့ဆေး၊ မျက်ခုံးမွေးဆွဲတဲ့ခရင်မ်၊ ကွန်ဆီလာ (Concealer) နဲ့ ဘရပ်ရှ်အသေးလေးတစ်ချောင်းတို့ လိုအပ်ပါတယ်။ မျက်ခုံးပုံစံအတိအကျ ပုံဖော်နိုင်ဖို့နဲ့ အလှဆုံးဖြစ်ဖို့အတွက်ဆိုရင်တော့ မလိုအပ်တဲ့ အမွေးတွေကိုရိတ်ထားရမှာပေါ့။ မျက်ခုံးမွေးတွေကို ပုံကျသွားအောင် ဘရပ်ရှ်လေးနဲ့ ခြစ်ပြီးညှိထားပါ။ ဒါမှမျက်ခုံးမွေး ဆွဲလို့ကောင်းပါတယ်။

 

ပထမဆုံးအနေနဲ့ မျက်ခုံးအောက်ပိုင်း နှာခေါင်းအစနေရာကနေ ခဲတံလေးနဲ့ စပြီးဆွဲပါမယ်။ အဆုံးဘက်ကိုရောက်ရင် အပေါ်ကိုပင့်ဆွဲပါ။ အပေါ်ဘက်ကိုလည်း ခဲတံနဲ့ဘောင်ကွပ်ပြီး ဆွဲရပါမယ်။ ကိုယ့်အကြိုက် စင်ရော်တောင်ပုံစံလား၊ ထူထူတန်းတန်းလေးလားဆိုတာ ဆုံးဖြတ်ပြီးရင်တော့ မျက်ခုံးအဆုံးဘက်ကို တစ်ခါတည်းပုံဖော်ဘောင်ကွပ်ထားလိုက်ပါ။

မျက်ခုံးအတွင်းဘက်တွေကို ခရင်မ်နဲ့ဖြည့်တဲ့အခါ ဘရပ်ပါးပါးသေးသေးလေးကို သုံးရပါမယ်။ ဘရပ်ရှ်ဟာ ပုံထဲကလို ခပ်စောင်းစောင်းလေးဖြစ်ဖို့ အရေးကြီးပါတယ်။ အတွင်းသားတွေကိုဖြည့်ရင်း အနားသပ်လိုင်းတွေကို ပုံဖော်သွားဖို့ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ မျက်တောင်ကော့ဆေး အကြည်လေးနဲ့ မျက်ခုံးတွေကို လက်စသတ်ခြယ်ပေးလိုက်ရင် ပုံသွင်းပြီးသွား ဖြစ်သွားတာပေါ့။ နှာခေါင်းနားက မျက်ခုံးမွေးတွေကိုတော့ သဘာဝကျကျဖြစ်သွားအောင် မျက်တောင်ကော့တံလေးနဲ့ အပေါ်ဘက်ကိုထောင်ပေးလိုက်ရင် ထူထဲပြီးဆွဲဆောင်မှုရှိတဲ့ မျက်ခုံးလှလှလေးကို ရရှိသွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က