ညဘက် သရေစာ စားတဲ့အကျင့်ရှိတာကို သရေစာမစားတော့ဘူးလို့ စိတ်ထဲက မှတ်ထားလိုက်ရုံနဲ့ မပျောက်ပါဘူး။
 

၁ - ၃၀ ရာခိုင်နှုန်း

တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ ပဲစားမယ်ဆိုတဲ့ အစီစဉ်ရှိရင် ည ၆ နာရီကျော်လို့ ညစာစားတဲ့အခါ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကယ်လိုရီ ၃၆၀ ပဲ စားတာ ဖြစ်ပါတယ်။ ဒီလို တိုင်းတာဖို့ခက်ခဲတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။

 

ညစာကို အများကြီးမစားပါနဲ့။ အရွက်များများစားရင် အဆင်ပြေပါပြီ။

၂ - သရေစာ

 

ညဘက် သရေစာ စားတဲ့အကျင့်ရှိတာကို သရေစာမစားတော့ဘူးလို့ စိတ်ထဲက မှတ်ထားလိုက်ရုံနဲ့ မရပါဘူး။ တခြားအကျင့်နဲ့ အစားထိုးဖို့ လိုပါတယ်။ ရောင်ခြယ်စာအုပ် ခြယ်တာလို သင့်လက်နဲ့ လုပ်ရတဲ့ နှစ်သက်ရာအလုပ်တစ်ခုကို လုပ်နေသင့်ပါတယ်။ တီဗီတွေဘာတွေကြည့်တာကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ သရေစာကို ပိုပြီးတော့တောင်စားဖြစ်သွားနိုင်ပါတယ်။

၃ - အသီး

 

သရေစာလို အချို တစ်ခုခု စားချင်တယ်ဆိုရင် အသီးတွေက အဆင်ပြေပါတယ်။ အထူးသဖြင့်စပျစ်သီးလို အသီးမျိုးက အထူးသင့်လျော်ပါတယ်။

၄ - အရက်

 

အိပ်ယာမဝင်ခင် ဝိုင်၊ ဘီယာ၊ အရက်သောက်တတ်တယ်ဆိုရင်တော့ အဆိုပါအဖျော်ယမကာတွေကို သောက်ပြီးတိုင်း ရေပြန်သောက်ပေးတဲ့ အကျင့်ကို လုပ်ထားသင့်ပါတယ်။

၅ - အိမ်တွင်းအလုပ်

 

ရုံးပိတ်ရက်မှာ လုပ်မယ်ဆိုတဲ့အလုပ်မျိုးကို ညဘက်တွေမှာ လုပ်ပါ။ လုပ်စရာမရှိလို့ တစ်နေရာရာမှာ ထိုင်နေတာထက် လှုပ်ရှားမှု ပိုရပါတယ်။ ရုံးပိတ်ရက်မှာ သင်အပြည့်အဝနားရမှာ ဖြစ်သလို လှုပ်ရှားမှုကြောင့် ကယ်လိုရီလည်း ပိုမိုလောင်ကျွမ်းပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က