ကတုံးတုံးထားလို့ဆိုပြီး ဦးထုပ်ကို မချွတ်တမ်းဝတ်ထားစရာ မလိုပါဘူး။
 

ယောက်ျားလေးတွေရဲ့ အားသာချက်က ဆံပင်ဘယ်လောက်တိုတို ဖက်ရှင်ကျကျနဲ့ အလန်းဆုံးပုံစံဖြစ်အောင် ဆင်ယင်လို့ရတာပါပဲ။ ဆံပင်ပုံစံအမျိုးမျိုး ပြောင်းလဲရတာ အားမရလို့ ကတုံးတုံးလိုက်ပြီဆိုရင် လိုက်ဖက်တဲ့ဖက်ရှင်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်တယ်လေ။ ရက်အနည်းငယ်လောက် သာသနာ့ဘောင်ဝင်ပြီး ဆံပင်ပြန်မပေါက်သေးတဲ့အချိန်မှာလည်း ဒီလိုဖက်ရှင်တွေဝတ်ပြီး စမတ်ကျကျစတိုင်လ်၊ အမိုက်စားစတိုင်နဲ့ ကောင်မလေးတွေငေးသွားအောင် လန်းလို့ရပါသေးတယ်။



[No available link text] 

၁။ Bomber Jacket

ဆံပင်တစ်ချောင်းမှမရှိပေမဲ့ Bomber Jacket သာ ဝတ်ထားလိုက်ရင် ရေရေလည်လည် လန်းပါတယ်။ ကတုံးတုံးထားတဲ့ အမျိုးသားတွေရော ဆံပင်ပါးတဲ့ အမျိုးသားတွေအတွက်ပါ အလွန်လိုက်ဖက်တဲ့ ဖက်ရှင်ပါ။ အဆိုတော် နစ်ခ်ဂျိုနက်စ်ဆိုရင် ဒီလိုဂျက်ကက်မျိုးတွေ အမြဲတမ်းဝတ်ပါတယ်။

2017-01-24_115459.jpg 

၂။ ရှပ်အကျႌအကွက်

အကွက်ဒီဇိုင်းမျိုးစုံနဲ့ ရှည်အကျႌလက်ရှည်တွေကိုလည်း ရွေးချယ်သင့်ပါတယ်။ ကန့်လန့်စင်းတွေ၊ ဒေါင်လိုက်စင်းတွေပါတဲ့ ရှပ်အကျႌမျိုးကိုတော့ မရွေးပါနဲ့။

2017-01-24_115441.jpg 

၃။ ဘွတ်ဖိနပ်အမည်း

ချည်သားဖြစ်ဖြစ်၊ သားရေဖြစ်ဖြစ် ဘွတ်ဖိနပ်အမည်းတွေဆိုရင် ကိုကိုကတုံးတွေနဲ့ အရမ်းလိုက်ပါတယ်။ ကင်းဗတ်စ်ဖိနပ်တွေလည်း လိုက်ဖက်ပေမဲ့ အနက်ရောင်ဖြစ်နေမှ ဆံပင်မရှိတဲ့အမျိုးသားတွေနဲ့ လိုက်ဖက်ပါတယ်။ ရှောင်ရမှာက ညှပ်ဖိနပ်တွေပါ။

2017-01-24_115426.jpg 

၄။ ဂျင်းဘောင်းဘီရှည်

ဒီလိုအချိန်မျိုးမှာ စတိုင်လ်ပန်တွေကို ခဏခေါက်ထားလိုက်ပါ။ ဂျင်းဘောင်းဘီရှည်ကိုပဲ ဝတ်သင့်ပါတယ်။

2017-01-24_115349.jpg 

၅။ Accessories

ဦးထုပ်၊ ခါးပတ်၊ လည်စည်းပုဝါ၊ ဆွဲကြိုး၊ ချိန်းကြိုးတွေလို ဖက်ရှင်အသုံးအဆောင်တွေနဲ့ ထပ်မံဖြည့်စွက်နိုင်ပါသေးတယ်။

Source : MFM


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က