၃ လက်မထက် ပိုမြင့်တဲ့ဒေါက်ဖိနပ်မျိုး မဝတ်သင့်ပါဘူး။
 

ဒေါက်ဖိနပ်က အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ ပွဲလမ်းသဘင်တွေမှာဆိုရင် ဒေါက်ဖိနပ်လေးစီးပြီး ပွဲတက်ကြတယ်မဟုတ်လား။ ဒါပေမဲ့ နာရီပေါင်းများစွာ ဝတ်ထားဖို့ကတော့ မလွယ်ပါဘူး။ ဒေါက်ဖိနပ်စီးပြီး ညလုံးပေါက်ကျင်းပမယ့်ပွဲတွေကို တက်မယ်ဆိုရင် ဒါတွေကို သိထားဖို့လိုအပ်ပါတယ်။


၁။ ဉာဏ်ရှိရှိရွေးပါ

လှတာလေးကိုပဲ ရွေးချယ်ဝတ်ဆင်ခဲ့ပြီးမှ နောင်တရတာမျိုး မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ခြေထောက်နဲ့ သက်တောင့်သက်သာဖြစ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ ဝတ်ဆင်သင့်ပါတယ်။ ဖိနပ်စီးထားချိန်မှာ ခြေထောက်တွေရဲ့ခံစားချက်က သက်တောင့်သာဖြစ်နေဖို့ အရေးကြီးပါတယ်။

၂။ အသေးစိတ်သုံးသပ်ပါ

အဓိကကျဆုံးအချက်သုံးချက် ရှိပါတယ်။ ဖိနပ်အတွင်းသား ဆိုးလ်ပြားက ခြေဖဝါးတွေကို သက်တောင့်သက်သာဖြစ်စေဖို့၊ ဖိနပ်အောက်ခံဆိုးလ်ပြားက ချောမွတ်နေတာမျိုး မဖြစ်ဖို့နဲ့ ခဲဆံလေးလို ပါးလျလွန်းဒေါက်မဖြစ်ဖို့ပါ။ တစ်ညလုံး စီးထားရမှာဆိုတော့ ၃ လက်မထက် ပိုမြင့်တဲ့ဒေါက်ဖိနပ်မျိုး မဝတ်သင့်ပါဘူး။

high-heels.jpg 

၃။ အချိန်ကြာညောင်းစွာ မဝတ်ပါနဲ့

ဖိနပ်ကြောင့် ခြေကျင်းဝတ်တွေ၊ ခြေဖဝါးတွေ၊ ခြေသလုံးနဲ့ခါးတွေပါ နာလာပြီဆိုရင် အခွင့်ရတာနဲ့ ဖိနပ်ကိုချွတ်ထားလိုက်ပါ။ ဥပမာ အိမ်သာထဲခဏသွားပြီး ဖိနပ်ချွတ်ကာ ခြေထောက်တွေကို အနားပေးတာမျိုးပေါ့။

၄။ ဆေးဘူးဆောင်ပါ

မဖြစ်မနေ ဒေါက်မြင့်ဖိနပ်ကို စီးထားရမယ်ဆိုရင် နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဖျန်းဆေးဘူးတွေလည်း ဆောင်ထားရပါမယ်။ ခြေထောက်နာလာရင် ဆေးနဲ့ဖျန်းထားလိုက်ပါ။

642x361-How-to-Make-a-Vinegar-Foot-Soak.jpg 

၅။ ပြန်လည်ကုသခြင်း

ဒေါက်မြင့်ဖိနပ်နဲ့ တစ်ညလုံး ပွဲတက်ရတာ ဘယ်လိုမှ သက်တောင့်သက်သာမဖြစ်ပါဘူး။ အဲ့ဒီအတွက် ခြေထောက်တွေကို ပြန်ပြီးအနားပေးရပါမယ်။ အိပ်ရာမဝင်ခင်မှာ ခြေထောက်ကို ရေနွေးနွေးလေးနဲ့စိမ်ပေးတာ ဒါမှမဟုတ် ရေအေးအေးနဲ့စိမ်ပေးတာမျိုး လုပ်ပေးရပါမယ်။ ခြေဖဝါးလိမ်းတဲ့ခရင်မ် (Foot Cream) ကိုလည်း လိမ်းပေးဖို့ မမေ့ပါနဲ့။ (ဆက်စပ်ဖတ်ရှုနိုင်ရန် ---> နူးညံ့လှပတဲ့ ခြေဖဝါးလေးတွေ ရရှိဖို့အတွက် ပြုလုပ်ရမယ့်အဆင့် (၃) ဆင့် )

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က