ဒိန်ချဉ်ဟာ ဦးရေပြား ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပါတယ်။
 

ဒိန်ချဉ်ဟာ ဆံသားတွေဖွံ့ဖြိုးဖို့အတွက် သဘာဝကျတဲ့ ဆေးတစ်လက်လည်းဖြစ်ပါတယ်။ သူ့မှာ ဗီတာမင်တွေနဲ့ ဖက်တီး အက်ဆစ်ကြွယ်ဝပါတယ်။ ဆံသားအတွက် သူ့ရဲ့အကျိုးပြုနိုင်စွမ်းတွေက အမြောက်အများပါပဲ။

၁ - မှိုတွေကို တိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဗောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၂ - ဆံပင်ကို အစိုဓာတ်ကြာရှည်စွာ ထိန်းသိမ်းပေးထားနိုင်ပါတယ်။

၃ - မွှေးညှင်းပေါက်တွေ ပိတ်ဆို့တာကို ဖယ်ရှားပေးနိုင်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေပါတယ်။

၄ - ဦးရေပြားက pH အဆင့်ကိုလည်း ထိန်းညှိပေးပါတယ်။

အသုံးပြုပုံများ

၁ - ဒိန်ချဉ်နဲ့ ကြက်ဥ

Egg-And-Yogurt.jpg 

လိုအပ်သည့်ပစ္စည်းများ - ကြက်ဥနှစ်လုံးနှင့် ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း။

ပြုလုပ်ပုံ - ကြက်ဥကို အနှစ်နဲ့ အကာရောသွားတဲ့အထိ ဇလုံတစ်လုံးထဲမှာ ခေါက်ပေးပါ။ ဒိန်ချဉ် ၂ ဇွန်းကို ထည့်ပြီး ရောမွှေပါ။

အသုံးပြုပုံ - ရလာတဲ့ အနှစ်နဲ့ ဆံသားတွေကို လိမ်းပေးရမှာဖြစ်ပါတယ်။  ဆံသားအရင်းကနေ အဖျားထိ နှံ့နေအောင် သေချာလိမ်းပေးပြီး မိနစ်သုံးဆယ်ခန့်ထာပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေနဲ့ဆေးပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ခန့်လုပ်သင့်ပါတယ်။

 

၂ - ဒိန်ချဉ်နဲ့ ငှက်ပြောသီး

လိုအပ်သည့်ပစ္စည်းများ - ငှက်ပျောသီးမှည့် အနည်းငယ်၊ ဒိန်ချဉ် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ လိမ္မော်ဖျော်ရည်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း။

ပြုလုပ်ပုံ - ငှက်ပျောသီးကို ခွက်တစ်ခွက်ထဲမှာ အနှစ်ဖြစ်သွားတဲ့ထိ မွှေပါ။ အနှစ်ရတဲ့အခါ ကျန်တဲ့ပါဝင်ပစ္စည်းတွေကို ရောမွှေပါ။

အသုံးပြုပုံ - ရလာတဲ့ အနှစ်ကို ဆံသားအရင်းထိရောက်အောင် သေချာလိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မိနစ် သုံးဆယ်လောက်ထားပြီး ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ခန့် လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒိန်ချဉ်ကို အဓိကထားပြီး ရှားစောင်းလက်ပတ်အနှစ်၊ ထောပတ်သီး၊ အုန်းနို့ တို့နဲ့လည်း ဆတူရောကာ အထက်ပါနည်းတွေအတိုင်း အသုံးပြုလို့ရပါတယ်။

သင်ကြိုက်နိုင်မယ့် ဆောင်းပါးများ - မိတ်ကပ်မလိမ်းဘဲ ဆွဲဆောင်မှုရှိတဲ့လူ ဖြစ်နိုင်မယ့် အချက် (၁၃) ချက်သင့်အသားအရေအတွက် ဆောင်းရာသီမှာ စားရမယ့် အစားအသောက် (၅) မျိုး

Photos & Source: craze (Yogurt)

Share

Loading Next Article...
က္က