ကင်မရာကို မျက်နှာထက်မြင့်တဲ့ အမြင့်မှာထားပြီးရိုက်ရင် မျက်နှာသွယ်သွယ်နဲ့ပုံလေး ထွက်လာပါတယ်။
 

ခေတ်စကားနဲ့ပြောရရင် အကိတ်တွေပေါ့။ ကိုယ်အလေးချိန်က အနည်းဆုံး ပေါင် ၁၃၀ ကျော်ပါတယ်။ အဝတ်အစားဝယ်တိုင်း XL ဆိုဒ်ကိုပဲ ရွေးနေရပေမဲ့ အကိတ်တွေ တကယ်လန်းပြီဆို တော်ရုံမဟုတ်တော့ပါဘူး။ အလန်းစား အကိတ်လေးတွေကို ပိုပြီးဖက်ရှင်ကျသွားအောင် ဒီအချက်လေးတွေက ကူညီပါလိမ့်မယ်။



 

၁။ Coutouring

မျက်နှာကို သေးသွယ်သွားသယောင် ဖြစ်စေဖို့အတွက် ပါးရိုးတွေနဲ့နဖူးကို မိတ်ကပ်အရင့်သုံးပြီး contouring လုပ်ပါ။ လူတစ်ယောက်ကိုကြည့်ရင် မျက်နှာကို အရင်ကြည့်ကြတယ်လေ။ မျက်နှာလေး သွယ်နေရင် ခန္ဓာကိုယ်ကိုလည်း အရမ်းဝနေတယ်လို့ မထင်တော့ပါဘူး။

၂။ ဆယ်ဖီရိုက်တဲ့အခါ

ဒါကိုတော့ မျက်နှာကြီးမျိုးရိုးတွေက သိထားပြီးဖြစ်မှာပါ။ မျက်နှာဝိုင်းဝိုင်းပြည့်ပြည့်ကြီးတွေကို မျက်နှာကြီးမျိုးရိုးလို့ ခေါ်ကြတယ်မဟုတ်လား။ ကင်မရာကိုတည့်တည့်ကြည့်ပြီး ရိုက်ရင် ဓာတ်ပုံထဲမှာ မျက်နှာကအကြီးကြီးဖြစ်နေရောလေ။ ကင်မရာကို မျက်နှာထက်မြင့်တဲ့ အမြင့်မှာထားပြီးရိုက်ရင် မျက်နှာသွယ်သွယ်နဲ့ပုံလေး ထွက်လာပါတယ်။

 

၃။ ပေါင်တံတွေ

အသားဖြူတဲ့လူတွေက ဝရင် ပိုသိသာသလိုပါပဲ။ ပေါင်တံတုတ်လို့ အတိုတွေမဝတ်ရဲဘူးဖြစ်နေပါသလား။ အသားညိုအောင်လိမ်းရတဲ့ ခရမ်မ်နဲ့ အရည်တွေ ရှိပါတယ်။ Tanning လုပ်တယ်လို့လည်း ခေါ်ပါတယ်။

၄။ ဘောင်းဘီကြယ်သီး တပ်မရတဲ့အခါ

ခေါင်းစည်းသားရေကွင်းလေးတွေ ရှိရင် ဝတ်မရတဲ့ဘောင်းဘီကိုလည်း ဝတ်လို့ရနိုင်ပါပြီ။ သားရေကွင်းလေးကို ကြယ်သီးပေါက်နဲ့ ကြယ်သီးနှစ်ခုကြား ကွင်းလျောလေးလုပ်ပြီး ချိတ်လိုက်ရင် ဝတ်လို့ရသွားပါတယ်။ ကြယ်သီးတပ်မထားတော့ ဘောင်းဘီကပိုချောင်သွားတယ်လေ။

၅။ ဗိုက်ချပ်ဘောင်းဘီ

ဝတဲ့လူဆိုရင် ဗိုက်ခေါက်ကတော့ အနည်းနဲ့အများဆိုသလို ရှိတာချည်းပါပဲ။ ဗိုက်ချပ်ဘောင်းဘီကို ဝယ်ဖြစ်အောင်ဝယ်ပါ။ ငွေကြေးကိုမကြည့်ဘဲ ကွာလတီကိုကြည့်ပါ။ ဈေးသက်သာတာတွေဝယ်ပြီးမှ ကွာလတီမကောင်းဘူးဆိုရင် ဗိုက်ပူတာ ပိုတောင်သိသာသွားနိုင်ပါတယ်။

၆။ ကလေးပေါင်ဒါ

ဝတဲ့လူတိုင်း ကြုံရတဲ့ ပြဿနာတစ်ခုက ပေါင်တွေပွန်းတာပါ။ ကလေးပေါင်ဒါလေးနဲ့ ပွန်းတဲ့နေရာကို ပွတ်ပေးရင် သက်သာသွားပါလိမ့်မယ်။

 

၇။ အနက်ရောင်

အနက်ရောင်ဝတ်ထားတဲ့လူက ပိုပြီးကျစ်လျစ် ပိန်သွယ်တယ်လို့ ထင်ရပါတယ်။ ဒါက တကယ့်အမှန်တရားပါ။ အနက်ရောင်ရဲ့ အားပြင်းမှုက ခန္ဓာကိုယ်ပြည့်ကားနေမှုကို သိပ်မပေါ်စေတော့ပါဘူး။ အကိတ်တွေအတွက် အနက်ရောင်ဟာ မရှိမဖြစ်ရွေးရမယ့်ဖက်ရှင်တစ်ပါပဲ။

Source : Mayra Touch of Glam


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က