ဆံပင်က ပုံမှန်ဆိုရင် တစ်လကို လက်မဝက်ခန့် ရှည်ထွက်လေ့ရှိပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေပြီး ကျန်းမာရေးကောင်းရင်လည်း ဆံပင်ရှည်တာ ပိုမြန်ပါတယ်။

ဆံပင်တစ်ချောင်းရဲ့အသက်က ၃ပေထိရှည်မှာ ဖြစ်ပြီး ၃ ပေ ပြည့်တာနဲ့ ဆံပင်သက်တမ်းက ကုန်သွားပြီ ဖြစ်တဲ့အတွက် ကျွတ်ထွက်သွားမှာပါ။ ဒါကြောင့် ပုံမှန် တစ်လတစ်ခါလောက် တိပေးရတာ ဖြစ်ပါတယ်။



ကြက်ဆူဆီ

ကြက်ဆူဆီကို ဆံပင်ကြီးထွားမှုအတွက် အကောင်းဆုံး သဘာဝကုထုံးလို့ အခိုင်အမာဆိုထားပါတယ်။ ထိပ်ပြောင်မှုဖြစ်နိုင်ခြေ လျှော့နည်းစေချိန်မှာ ဆံပင်ကြီးထွားမှု အရှိန်မြင့်တက်စေပါတယ်။

အာလူးညှစ်ရည်

အာလူးညှစ်ရည်က ဆံပင်ပါးလွှာသူတွေအတွက် လိုအပ်ပါတယ်။ နောက်ပြီး ဆံပင်ကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်အရေးကြီးပါတယ်။

ပရိုတိန်းဓာတ်

ဆံပင်ချောမွေ့တောက်ပြောင်စေပြီး ဆံသားချောမွေ့စေဖို့ အရမ်းကို အထောက်အကူဖြစ်စေပါတယ်။ သဘာဝအစေ့အဆံများနဲ့ ပဲနို့တွေမှာ အသားဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

Hair-Mask-for-Split-Ends-02.jpg

ကြက်ဥအကာ

ကြက်ဥအကာက ပရိုတိန်းဓာတ်ပါဝင်မှုမြင့်မားပြီး ဆံကေသာကြီးထွားမှုရဲ့ အရှိန်ကို မြင့်တင်ပေးပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ဆံပင်တစ်ရှူးတွေကြီးထွားမှု ပိုမိုမြန်ဆန်စေပြီး ဦးရေပြားကို သန့်စင်ပေးပါတယ်။

ကြက်သွန်နီဖျော်ရည်

ကြက်သွန်နီဖျော်ရည်က ဆံပင်ပြန်ပေါက်စေတဲ့ ဆာလဖာဓာတ် ကြွယ်ဝပြီး ဆံပင်ပေါက်တာမြန်စေပါတယ်။ ထိပ်ပြောင်သူတွေအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။

ပုံမှန်ခေါင်းဖြီးပေးခြင်း

ခေါင်းဖြီးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး မွေးညင်းပေါက်တွေ နှိုးဆွပေးကာ သဘာဝအလျောက် ဆံပင်သစ်တွေ ပေါက်စေတာကြောင့် မရှိမဖြစ်အရေးကြီးပါတယ်။

Source : Sheknows

Share

Loading Next Article...
က္က