နှင်းဆီရေမွှေး ၁ လီတာ ရဖို့ နှင်းဆီပွင့်ပေါင်း ၁၄ သန်း လောက် အသုံးပြုရပါသတဲ့။
 

ရေမွှေးအမျိုးမျိုး ၊ ရနံ့အမျိုးမျိုး ရှိပါတယ်။ ရေမွှေးကောင်းရင် တန်ဖိုးကလည်း မြင့်သွားပါတယ်။ ရေမွှေးဆွတ်ဖျန်းထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေပြီး ဆွဲဆောင်အားလည်း ပိုလာစေပါတယ်။

၁။ ရေမွှေးအစ

ရေမွှေးရဲ့အစကတော့ အီဂျစ်တွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကတည်းက ရေမွှေးသုံးစွဲမှုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေပျောက်အောင် ပွတ်လိမ်းရာက စပါတယ်။

၂။ လက်ကောက်ဝတ်

ရေမွှေးကို လက်ကောက်ဝတ်မှာဆွတ်ပြီး လက်ကောက်ဝတ်နှစ်ဖက်ကို ပွတ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဒီလိုပြုလုပ်လိုက်မယ်ဆိုရင် အပူဓာတ်ထွက်လာလို့ ရေမွှေးမှာ ပါဝင်တဲ့အရာတွေက ပြောင်းလဲသွားပြီး ရနံ့သိပ်မစွဲတော့ဘူးဆိုတာ သတိထားပါ။

 

၃။ ယောက်ျားသုံးရေမွှေး

မိန်းကလေးသုံး ရေမွှေးတွေကို ယောက်ျားလေးတွေက မသုံးကြပေမဲ့ မိန်းကလေးတွေကတော့ ပြောင်းပြန်ပါပဲ။ ကမ္ဘာတစ်ဝန်းက ရေမွှေးသုံးသူ အမျိုးသမီးထုရဲ့ ၃၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေအတွက် ထုတ်လုပ်ထားတဲ့ရေမွှေးကို သုံးကြပါတယ်။

၄။ ရနံ့တွေအကြောင်း

ရေမွှေးတစ်ပုလင်းရဖို့ မလွယ်ပါဘူး။ ရေမွှေးပညာရှင်ဖြစ်လာဖို့ဆိုရင် အနံ့တွေကို ကောင်းကောင်းသိဖို့ လိုပါတယ်။ အနည်းဆုံး ရနံ့အမျိုးအစား ၂၅၀ လောက်တော့ တိတိကျကျ သေသေချာချာ မှတ်မိနေရမှာပါ။

 

၅။ ရေမွှေးချင်းတူပေမဲ့ ထွက်ပေါ်တဲ့အနံ့မတူရခြင်း

ရေမွှေးတစ်ပုလင်းတည်းကို ပမာဏအတူတူ ဆွတ်တာတောင်မှ သူနဲ့ကိုယ့်ကြား အနံ့ထွက်ပေါ်ပုံ ကွာခြားတာမျိုး ကြုံဖူးပါသလား။ ခန္ဓာကိုယ်ပေါ်လိုက်ပြီး ရေမွှေးနံ့ ထွက်ပေါ်မှုပါ ပြောင်းလဲသွားပါတယ်။ အရေပြား၊ လေထုစွတ်စိုမှုတို့ကြောင့် ရနံ့ပြောင်းတာပါ။ ဒါကြောင့်မို့လို့ ရေမွှေးဝယ်မယ်ဆို ကိုယ့်အရေပြားပေါ်မှာ စမ်းသုံးပြီးမှဝယ်တာ အကောင်းဆုံးပါပဲ။

 

၆။ ရေမွှေးရနံ့ ကြာကြာစွဲလိုတဲ့အခါ

အရေပြားခြောက်သွေ့လေလေ မွှေးရနံ့ပြယ်လွယ်လေလေပါပဲ။ ရေမွှေးမဆွတ်မီမှာ အစိုဓာတ်ဖြည့်ခရင်မ် (Moisturiser) အရင်လိမ်းထားပါ။ Vaseline ခရင်မ် လိမ်းထားပြီးမှ ဆွတ်မယ်ဆိုလည်း ရနံ့ကပိုပြီး အချိန်ကြာကြာ စွဲကျန်နေပါလိမ့်မယ်။

Source : Fragrence.bg

Share

Loading Next Article...
က္က