ပျားရည်မှာ ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းသတ္တိရှိပြီး အသားအရေကို ကြည်လင်စိုပြေစေပါတယ်။
 

ဝက်ခြံတွေကို ဖယ်ရှားနိုင်ဖို့ရာ အိမ်မှာပဲ မျက်နှာသစ်သန့်စင်ရင်း ဖယ်ရှားလိုက်လို့ရပါတယ်။ ဝက်ခြံပျောက်စေမယ့် မျက်နှာသစ်ဆေး ပြုလုပ်မယ်ဆိုရင် ပန်းသီးရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ အုန်းဆီ ထမင်းစားဇွန်းတစ်ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၃ ဇွန်း၊ လက်ဖက်အဆီ (Tea Tree Oil) ၁၅ စက်မှ ၂၀ စက် တို့ လိုအပ်ပါတယ်။ အားလုံးကို Blender (ကြိတ်စက်) ထဲမှာ ထည့်ဖျော်လိုက်ပါ။ Blender မသုံးချင်ဘူးဆိုရင် ခွက်တစ်လုံးထဲထည့်ပြီး မွှေတံလေးနဲ့ သမသွားအောင် မွှေလိုက်ရမှာ ဖြစ်ပါတယ်။ ဒါကို သန့်ရှင်းတဲ့ ပုလင်းတစ်လုံးထဲမှာ သိမ်းထားပါ။

 

မနက်နဲ့ ညတိုင်း ဒီမျက်နှာသစ်ဆေးနဲ့ သစ်ပေးရမှာဖြစ်ပါတယ်။ မျက်နှာကို ရေကြက်သီးနွေးလေးနဲ့ အရင်ဆုံး စိုဆွတ်အောင်လုပ်လိုက်ပါ။ ပြီးတော့မှ ပုလင်းထဲက မျက်နှာသစ်ဆေးကို လိမ်းထားရင်း ၃ မိနစ်လောက် လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံ ပွတ်တိုက်နှိပ်နယ်ပေးရပါမယ်။ ၃ မိနစ်ကြာတဲ့အခါ ရိုးရိုးရေနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> နှုတ်ခမ်းသားလှအောင် ဘယ်လို လုပ်မလဲ

 

ပျားရည်မှာ ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းသတ္တိရှိပြီး အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ အရေပြားဆဲလ်တွေကို အသစ်ပြန်ဖြစ်စေလို့ ဝက်ခြံကြောင့် မဲညစ်နေတဲ့ အသားအရေက ပြန်လည်ကြည်လင်လာမှာပါ။ ပန်းသီးရှာလကာရည်ကတော့ ပိတ်နေတဲ့ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်လေ။ အုန်းဆီကလည်း ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ လက်ဖက်အဆီကတော့ အသားအရေကို ပြန်လည်အားဖြည့်ပေးတာကြောင့် ဒီမျက်နှာသစ်ဆေးကို အသုံးပြုမယ်ဆို ရက်ပိုင်းအတွင်းမှာတင် ထူးခြားလာတာကို တွေ့ရမှာပါ။

Source : Health Remedy

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> မျက်နှာအသားအရေအတွက် ဒိန်ချဉ်ပျားရည် ပေါင်းတင်နည်း

Share

Loading Next Article...
က္က