မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ ဖုန်မှုန့်တွေကို သေချာမဆေးကြောလို့ ဖြစ်တာပါ။

ဖုန်မှုန့်တွေက ချွေးပေါက်လေးတွေမှာ ကပ်နေပြီး မျက်နှာသစ်တဲ့အခါ ~ သေချာမသစ်မိတဲ့အခါ ဒီတိုင်းကပ်နေခဲ့ပါတယ်။ ပုံမှန်မျက်နှာက ထွက်တဲ့အဆီရယ်၊ ဖုန်တွေရယ်ရောပြီး အခဲလေးတွေဖြစ်သွားတဲ့အခါ တော်တော်နဲ့ ဖယ်လို့မရတော့ပါဘူး။ နှာခေါင်းနားနဲ့ နှာခေါင်းဘေးနားပါးပြင်နေရာတွေမှာ ဖြစ်လေ့ရှိပြီး ပုံမှန်ဆေးကြောပေးတာနဲ့ ပုံမှန်ညှစ်ပေးတာမျိုးမလုပ်ရင် အချိန်ကြာလာတာနဲ့ အမျှ အမဲစက်သေးသေးလေးတွေ ဖြစ်လာပါတယ်။ ဒါကို ဆားဝက်ခြံ (Blackhead) လို့ခေါ်ပြီး တော်တော်အလှပျက်စေတဲ့ အမဲစက်တွေပါ။ မညှစ်ဘဲနေလေ သူတို့ကပိုမဲလာလေ၊ ချွေးပေါက်တွေကိုလည်း တစ်ဖြည်းဖြည်း ပိုပိုကျယ်လာစေပါတယ်။

 

ဆားဝက်ခြံညှစ်တဲ့အခါမှာ စတီးအတံလေးတွေ အသုံးပြုပြီး ညှစ်ကြပါတယ်။ ဆိုင်မှာပဲ ညှစ်ညှစ်၊ ကိုယ့်ဘာသာကိုယ်ညှစ်ညှစ် နာတာက နာတာပါပဲ။ အခန့်မသင့်လို့ အရမ်းကြီး ညှစ်ချလိုက်တဲ့အခါ နှာခေါင်းကြီး နီရဲပြီး မျက်နှာအရေပြားနုနုလေးမှာ ဒဏ်လိုမျိုး အကွက်ကြီးတွေ ဖြစ်တတ်ပါတယ်။ မညှစ်လို့ကလည်းမရတဲ့ ဒီဆားဝက်ခြံတွေကို မနာမကျင်ဘဲနဲ့ ဘယ်လိုဖယ်ရှားကြမလဲ။

 

သွားကြားညပ်တဲ့အခါမှာ သုံးတဲ့ Dental Floss အချောင်းတစ်ထုပ်သာ ပြေးဝယ်လိုက်ပါ။ မယုံမရှိပါနဲ့။ တကယ်လွယ်ကူပြီး သက်သက်သာသာနဲ့ အလှမပျက် နှာခေါင်းက ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံး မျက်နှာအပ်လို့ရမယ့် ခွက်တစ်ခွက်ထဲမှာရေနွေးကို  ထည့်ပါ။ ရေနွေးက အငွေ့ထွက် နေရပါမယ်။ အဲဒီခွက်ပေါ်မှာ မျက်နှာကို အပ်ထားပြီး ရေနွေးငွေ့ ခံနေလိုက်ပါ။ ချွေးလေးတွေ စို့လာမယ်၊ မျက်နှာလည်း နွေးအိသွားသလို ဖြစ်လာပါလိမ့်မယ်။ ပြီးတာနဲ့ မှန်တစ်ချပ်ယူ၊ သွားကြားညပ်ရင် ဖယ်တဲ့ ကြိူးလေးနဲ့ Dental Floss အတံ နှစ်ချောင်းကို လက်နှစ်ဖက်နဲ့ တစ်ချောင်းစီ ကိုင်ထားပါ။ နှာခေါင်းဘေးနားကနေ ဖြည်းဖြည်းချင်း ကြိုးနှစ်ချောင်းကို ဝက်ခြံကို လက်မနှစ်ချောင်းနဲ့ ညှစ်သလို ညှစ်ညှစ်ပေးပါ။ ဆားဝက်ခြံတွေ အပြုံလိုက် ပြွတ်ခနဲ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ ညှစ်တဲ့အခါမှာ အရမ်းအားသုံးပြီး အတင်း မဖိညှစ်ပါနဲ့။ သူ့ချွေးပေါက်ကလေးတွေရဲ့ အလိုက်အတိုင်းသေချာကြည့်ပြီး ညှစ်ပေးပါ။ မျက်နှာအတွင်းဘက် ဆိုလည်း အမွှေးနုနုလေးတွေ ပေါက်နေတာမျိုးရှိပါတယ်။ အမွှေးပေါက်ရာအတိုင်း ညှစ်ပေးရင် အလိုက်သင့်လေးထွက်လာမှာပါ။ ရေနွေးလေးခံလိုက် ညှစ်လိုက်နဲ့ လုပ်ပေးပါ။ ညှစ်လို့ ဝသွားပြီး ဆိုရင် မျက်နှာကို မျက်နှာသစ်ဆပ်ပြာ မသုံးဘဲနဲ့ ရေအေးအေးနဲ့ သစ်လိုက်ပါ။ မျက်နှာရေသုတ်ပြီးတဲ့အခါမှာ ရေခဲတုံးရှိရင် ရေခဲတုံးနဲ့ ညှစ်ထားတဲ့နေရာတွေကို ပွတ်ပေးပါ။ နီမြန်းလာတာမျိုးတွေရှိတတ်ပြီး စိတ်ပူစရာမရှိပါဘူး။ အရေပြားက ချွေးပေါက်တွေပွင့်နေရာကနေ ပြန်ကျုံ့ပြီး ချွေးပေါက်တွေကို ပိတ်ပေးပါလိမ့်မယ်။ ညှစ်ပြီးရင် အယ်လ်ကိုဟော မပါတဲ့ တိုနာ~ (သို့) ရေခဲတုံးနဲ့ မကပ်ပေးရင် အပေါက်တွေက အပွင့်လိုက်ကြီး ဟနေမှာဖြစ်ပြီး ခဏနေရင် အမှုန်တွေအလွယ်တကူ ပြန်ဝင်သွားနိုင်ပါတယ်။ ပိုပြီး ချွေးပေါက်တွေက ကျယ်ကျယ်လာပြီး အများကြီးတောင်ပိုဆန့်သွားပါလိမ့်မယ်။

  

ဒီလိုလေး အပတ်တိုင်းလုပ်ပေးမယ်ဆိုရင် အလှပြင်စင်တာလည်း သွားစရာမလို၊ နာလည်း မနာ၊ ငွေလည်းမကုန်တော့ဘဲ ပိုးမွှားတွေဘာတွေကူးမှာကိုလည်း စိတ်မပူရတော့ပါဘူ။။ ဒီနည်းနဲ့ ဆားဝက်ခြံထုတ်ပြီး သင့်မျက်နှာလေးကြည်လင်ဝင်းပပြီး အစက်အပြောက်တွေ ကင်းစင်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်။

Source : TotalBeauty

Share

Loading Next Article...
က္က