အသားအရေနဲ့ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။
 

၁။ နေ့တိုင်းရေချိုးတာ

ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အလွန်အကျွံရေချိုးခြင်းဟာ မကောင်းပါဘူးတဲ့။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ဘက်တီးရီးယားတွေကို လျော့နည်းသွားစေတယ်လို့ ဆိုတယ်။ ဥပမာပြောရရင် အရေပြားမှာလိုအပ်တဲ့အဆီဓာတ်ကို ခမ်းစေတာကြောင့် ရေကို မလိုအပ်ဘဲ နေ့စဉ်ချိုးတာမျိုး မလုပ်သင့်ပါဘူး။

၂။ အချိန်ကြာကြာရေချိုးခြင်း

ရေချိုးချိန်ဟာ မိနစ် ၂၀ ထက် မကျော်သင့်ပါဘူး။ အချိန်ကြာကြာရေချိုးလေလေ အရေပြား ပိုခြောက်သွေ့လေလေပါပဲ။

 

၃။ ဆပ်ပြာ

ရေချိုးတိုင်း ဆပ်ပြာသုံးနေခြင်းကလည်း မှားယွင်းတဲ့ အလေ့အထတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ ချေးတွေမရှိဘဲ ဆပ်ပြာတွေတိုက်နေမယ်ဆို အသားအရေ ခြောက်သွေ့ပြီး စိုပြေမှုလျော့နည်း သွားပါလိမ့်မယ်။

 

၄။ ရေပန်းအောက်မှာ မျက်နှာကိုထားခြင်း

ခန္ဓာကိုယ်က ခံနိုင်ရည်တဲ့ အပူအအေးပမာဏနဲ့ မျက်နှာက လက်ခံနိုင်တဲ့ အပူအအေးပမာဏ မတူပါဘူး။ ခန္ဓာကိုယ်ကို ရေနွေးနဲ့ချိုးမယ်ဆို မျက်နှာကိုပါ ရေနွေးလွှတ်ထားတဲ့ ရေပန်းအောက်မှာ ထားခြင်းက ကိုယ့်မျက်နှာအသားအရေကို ထိခိုက်စေပါတယ်။

 

၅။ ရေနွေးနဲ့ခေါင်းလျှော်တာ

ရေနွေးနဲ့ ခေါင်းလျှော်ခြင်းဟာ ဆံသားတွေ ကြမ်းတမ်းပျက်စီးစေပါလိမ့်မယ်။ ဆံပင်ရဲ့အဆီကိုလည်း ခမ်းသွားစေတယ်လေ။

Source : Mail Online

Share

Loading Next Article...
က္က