ဆိုင်သွားဖို့ အချိန်ပေးစရာလည်း မလိုတော့ဘူးလေ။
 

ဆံပင်တွေ ရှည်လာလို့ အဖျားတွေကို ကိုယ်တိုင်ညှပ်မယ့်လူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ ဆံပင်တွေကို အိမ်မှာပဲ ကိုယ့်ဘာသာ တိလိုက်မယ်ဆို ဆိုင်သွားဖို့ အချိန်ပေးစရာလည်း မလိုတော့ဘူးလေ။ ကိုယ့်ဘာသာကိုယ် ဆံပင်ညှပ်မယ်ဆို ဒါလေးတွေတော့ ဖတ်ရှုထားလိုက်ပါ။

2017-02-22_005121.jpg 

နောက်ဘက်အဖျားတွေတိမယ်ဆို

ခေါင်းကိုဇောက်ထိုးထားပြီး ဆံပင်တွေ ရှေ့ကိုချကာ ဖြီးထားလိုက်ပါ။ ညီအောင်ဖြီးပြီးမှ ပိုနီတေးလ်ပုံစံ စုစည်းချည်နှောင်ပါ။ ပိုနီတေးလ်ရဲ့ အဖျားအတိုင်း ညှပ်မယ်ဆို ညှပ်ရလွယ်ပါတယ်။ ဆံပင်နောက်မှာ ဘီးကိုခံထားပြီးမှ ကပ်ကြေးနဲ့ ညှပ်ပေးရမှာ ဖြစ်ပါတယ်။

2017-02-22_005048.jpg 

အရှေ့ဘက်ကို ဘယ်လိုညှပ်မလဲ

ပထမဆုံးအနေနဲ့ ဆံပင်ကို နှစ်ပိုင်းခွဲထားလိုက်ပါ။ အပေါ်တစ်လွှာကို နောက်ဘက်ကို လှန်တင်ထားပါ။ နဖူးပေါ်မှာ ကျန်နေတဲ့တစ်လွှာကို ဘီးကပ်ကြေးနဲ့ ညှပ်ပေးရပါမယ်။ ပြီးတော့မှ နောက်တစ်လွှာကိုချပြီး ဆက်ညှပ်ပါ။

Source : Marie Claire

Share

Loading Next Article...
က္က