ကိုယ်ပိုင်အိုင်ဒီယာဆိုတော့ ပိုတောင်လန်းသွားမှာမို့လို့ လူတွေငေးသွားရပါလိမ့်မယ်။
 

အကျႌတစ်ထည်ဆိုတာ ဘယ်လောက်ကြိုက်ကြိုက် ဝတ်ပါများရင် ဟောင်းသွားတာပါပဲ။ ဟိုနေရာပေါက်၊ ဒီနေရာပြဲနဲ့ ဘယ်လိုမှ ဝတ်မရတော့ဘူးလေ။ တချို့အကျႌတွေကျတော့ ဝယ်တုန်းက ဝယ်ခဲ့ပြီး တကယ်ဝတ်တော့မှ အဆင်မပြေလို့ ချောင်ထိုးထားရတာတွေလည်း ရှိမှာပါ။ ဒီလိုတီရှပ်တွေရှိနေရင် အသစ်တစ်ထည်လို ဖြစ်သွားအောင် ပြောင်းလဲလို့ရပါတယ်။

 

၁။ အလယ်ကနေ ဒေါင်လိုက် ခေါက်ချိုးညီ ချိုးချလိုက်ပါ။ လက်ကို ဖြတ်ထုတ်လိုက်ပါ။ လည်ပင်းပေါက်အဝိုင်းကိုလည်း V ပုံစံ ညှပ်ထုတ်လိုက်ပါဦး။ ညှပ်စတွေကို ကြိုးလိုသုံးပြီး ရှပ်အကျႌအောက်ခြေကို စုစည်းချည်နှောင်လိုက်ပါ။ ကဲ... ဖြန့်ကြည့်လိုက်ပါဦး။ ရှော့ပင်ထွက်ရင်လွယ်လို့ရမယ့် ဈေးဝယ်အိတ် အလန်းစား ရလာပါပြီ။ ဆေးရောင်ခြယ်ပေးလိုက်ရင် ပိုကောင်းပါတယ်။

 

၂။ နောက်တစ်မျိုးကတော့ ခေါင်းအုံးစွပ် လုပ်မှာပါ။ အကျႌအလည်နေရာမှာ ကူရှင်ခေါင်းအုံးကို တင်လိုက်ပါ။ ခေါင်းအုံးဘေးကနေ ၃ လက်မလောက်ချန်ပြီး တခြားအရာတွေကို ညှပ်ထုတ်ပစ်လိုက်ပါ။ အပေါ်အောက် တွဲချုပ်လိုက်ရင် ကူရှင်ခေါင်းအုံးစွပ် ရပြီပေါ့။

 

၃။ နောက်တစ်မျိုးကတော့ ဖြတ်တာညှပ်တာတွေ မပါပါဘူး။ မဝတ်တော့တဲ့ တီရှပ်ကို ထပ်ပြီးမွမ်းမံမှာပါ။ အနက်ရောင်ဆို ပိုလန်းပါတယ်။ ရင်ဘတ်နေရာမှာ A4 စက္ကူတစ်ရွက်ကို ကန့်လန့်ချပြီး စက္ကူပေါ်မှာ အဝိုင်းလေးတွေ ဖောက်လိုက်ပါ။ အပေါက်လေးတွေထဲကို အနုမြူဆေးနဲ့ လိုက်ခြယ်ပေါ့။ လပြည့်ကနေ လကွယ်ပုံစံဖြစ်အောင် အဝိုင်းလေးတွေထဲကို ခြယ်ပေးရပါမယ်။ သဘာဝကျစေဖို့အတွက် အဝတ်စလေးနဲ့ ဖြန့်ပေးပါ။ ပါတီတွေတက်မယ်ဆို အမိုက်စားဒီဇိုင်းလေး ဖြစ်နေမှာနော်။

Source : 5-Minutes Craft

Share

Loading Next Article...
က္က