ဒါတွေသာ သိထားရင် ဘာ effect မှ သုံးစရာမလိုတော့ဘူး။
 

ဖုန်းကင်မရာတွေကလည်းကောင်းလာ၊ ဖေ့စ်ဘွတ်ကလည်း အရမ်းကို ရေပန်းစားလာနေတော့ ဆယ်ဖီပုံတွေဆိုတာလည်း ခဏခဏ မြင်လာရပြီလေ။ ကိုယ်တိုင်လည်း သူတို့လို ဆယ်ဖီလှလှလေးတွေ ရိုက်ချင်ပေမဲ့ ဘယ်လိုရိုက်ရိုက် စိတ်တိုင်းမကျ ဖြစ်နေရတာလား။ ဒါဆိုရင် အကောင်းဆုံးဆယ်ဖီရဖို့ စည်းမျဉ်းတွေကို ပြောပြပါ့မယ်။

၁။ သဘာဝအလင်းရောင်

သဘာဝနေရောင်နဲ့ ဓာတ်ပုံရိုက်တာ အကောင်းဆုံးပါပဲ။ အိမ်သာထဲကမှန်ရှေ့မှာ ဆယ်ဖီဆွဲလို့ အိမ်သာပုံကြီးလည်း မပါတော့ဘူးလေ။ အခန်းထဲက ရှုပ်ပွနေတာတွေလည်း ဓာတ်ပုံရိုက်ဖို့ ရှင်းရတဲ့ဒုက္ခကလည်း ဝေးသွားပါလိမ့်မယ်။

 

၂။ မျက်နှာပေါ်က လက်

တချို့တွေက ဓာတ်ပုံသာရိုက်ချင်တာ ကင်မရာရှေ့ကျ ဘယ်လိုပြုံးရမှန်းမသိဘူး။ ဒီလိုဆိုရင် နှုတ်ခမ်းနားလေးမှာ လက်ချောင်းလေးတွေ တင်ထားကြည့်လိုက်။ ကိုယ်မပြုံးတတ်ဘူးဆိုတာ မသိသာတော့ဘူး။

ဆက်စပ်ဖတ်ရှုချင်စရာ --->  ဓာတ်ပုံရိုက်တိုင်း ရှယ်လှနေအောင် ပို့စ် ဘယ်လိုပေးမလဲ

၃။ ပစ္စည်းတစ်ခုခု

ဘယ်လိုပို့စ်မျိုး ပေးရမလဲမသိဘူးဆို ပစ္စည်းတစ်ခုခုလောက် ကောက်ကိုင်ပြီးသာ ဆယ်ဖီဆွဲလိုက်။ ဥပမာပြောရရင် နှုတ်ခမ်းနီတောင့်လေးကိုင်ပြီး ရိုက်တာမျိုးပေါ့။

၄။ Shutter ကိုဖွင့်

ဘယ်မော်ဒယ်ကမှ တစ်ပုံတည်းနဲ့ အကောင်းဆုံးရလာတာမရှိပါဘူး။ ပုံကောင်းတစ်ပုံရဖို့ ပုံတွေအများကြီးရိုက်ရပါတယ်။ ဒါကြောင့် ကင်မရာ Shutter ကို ဖွင့်ထားပြီး ပုံတွေတောက်လျှောက်ရိုက်ပါစေ။ အကောင်းဆုံးပုံကို ရွေးပြီးမှ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်ပေါ်ကို တင်မယ်လေ။ ပုံများများရိုက်လေလေ ပုံကောင်းရဖို့ အခွင့်အရေးပိုများလေလေပါပဲ။

 

၅။ ခေါင်းလေးစောင်း

တကယ့်လျှို့ဝှက်ချက်ကို ပြောမယ်နော်။ ခေါင်းလေးကို နည်းနည်းလောက်စောင်းထားပြီး ကင်မရာမကြည့်ဘဲနေတာက တကယ့်အလန်းစားပို့စ်ပါ။ ဆယ်ဖီလို့လည်း ဘယ်သူမှမသိတော့ဘူးပေါ့။

၆။ သက်ဝင်မှု

ပြုံးနေတာလောက် လှတာ ရှိပါဦးမလား။ ကိုယ့်ခံစားချက်ကို ကောင်းကောင်းလေး မွေးမြူလိုက်ပါ။ ကြည်နူးပျော်ရွှင်နေတဲ့ပုံက မြင်ရသူကို စိတ်ချမ်းသာစေပါတယ်။ ခဏခဏပြုံးရင်းနဲ့ ကိုယ်ဟာ ပြုံးအလှပိုင်ရှင်လေးတောင် ဖြစ်လာပါလိမ့်မယ်။

Source : Women Talk

Share

Loading Next Article...
က္က