အမ်မာစတုန်းကတော့ ရွှေမင်းသမီးလေးပေါ့။
 

၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲကတော့ ပြီးသွားပါပြီ။ မျှော်လင့်ထားကြတဲ့အတိုင်း La La Land က ဆုများစွာ ဆွတ်ခူးခဲ့ပါတယ်။ ရုပ်ရှင်လောကရဲ့ အကြီးဆုံးဆု ဖြစ်တာနဲ့အညီ တင့်တယ်ကျော့ရှင်းတဲ့ ပွဲတက်ဝတ်စုံတွေကိုလည်း မြင်ရပါတယ်။ တနင်္ဂနွေညရဲ့ အလှဆုံးတွေက ဘယ်သူတွေများ ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ရွေးချယ်ကြည့်လိုက်ပါ။

 

၁။ ကြည့်ပါဦး၊ အမ်မာစတုန်းရဲ့ ချစ်စရာဟန်ပန်ကလေးကို။ ရွှေရောင်မင်းသမီးလေးလို ပန်းပွားလေးတွေနဲ့ ရွှေရောင်ဝတ်စုံဟာ ရွှေဆုရှင်လေးနဲ့ လိုက်ဖက်လှပါတယ်။ ဒီနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း အမ်မာက La La Land နဲ့ ဆွတ်ခူးသွားပါတယ်။ ရွှေမင်းသမီးလေးဟာ ရွှေကနုတ်တွေနဲ့ အလှကြီးလှနေခဲ့ပါတယ်။

 

၂။ မော်ဒယ် ခရစ်စီတိုင်ဂန်ရဲ့ ဝတ်စုံကိုလည်း လှတယ်လို့ သတ်မှတ်ကြပါတယ်။ ဆင်စွယ်ရောင်လေးကိုမှ ရွှေအိုရောင်ဖောက်ထားတာပါ။ လက်တစ်ဖက်ကပိတ်စ၊ ကျန်တစ်ဖက်က ရွှေချောင်းတပ်ဇာနဲ့ တစ်လှည့်စီပြောင်းထားတာပါ။ ပြည့်တင်းညီညာတဲ့ နောက်ကျောအလှကိုလည်း ပြထားပြီး ပခုံးပေါ်က ပုဝါရှည်ကလည်း ဝတ်စုံကိုပံ့ပိုးပေးထားပြန်ပါတယ်။

 

၃။ နစ်ကိုးကစ်ဒ်မန်းကတော့ သူမရဲ့ သွယ်လျတဲ့ခန္ဓာကိုယ်တဲ့ အသားကျဖြစ်စေမယ့်ဝတ်စုံလေးကို ရွေးလာပါတယ်။ ဇာပေါ်မှာ စီးကွင့်တွေထိုးထားတာဖြစ်ပြီး ဒီဇိုင်းက ရိုးပါတယ်။ သူမနဲ့ လိုက်ဖက်တဲ့ဖက်ရှင် ရွေးလာတာကြောင့် ဒီပွဲမှာ နစ်ကိုးကစ်ဒ်မန်းဟာ အပျိုဖြန်းလေးလို လှနေပါတော့တယ်။

 

၄။ စင်ဒရဲလားလိုမျိုး ဂါဝန်ဖားဖားကြီးနဲ့ ကော်ဇော်နီကို ရောက်လာတာကတော့ ဆိုဖီယာကာဆင်ပါ။ အဖြူရောင်ဂါဝန်ကြီးပေါ်မှာ ရွှေစီးကွင့်အချောင်းလေးတွေ ခပ်ကျဲကျဲ ဖုံးထားပါတယ်။

 

၅။ ချီဖွန်အပါးစလေးမှာ ပန်းပွင့်အဆင်တွေနဲ့ ဟေလီစတိုင်းဖီးလ်ရဲ့ဖက်ရှင်ကိုလည်း အလှဆုံးစာရင်းထဲမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ လည်ပင်းနဲ့ကျောမှာ အနားတွန့်လေးတွေကြောင့် ဟေလီရဲ့ပုံက လန်းဆန်းတက်ကြွတဲ့အသွင် ပေါ်လွင်နေပါတယ်။

Photos : Daily Mail

Share

Loading Next Article...
က္က