အဆန်းထွင်တာများပြီး ဂွမ်းသွားတာတွေလည်း ရှိပါလေရဲ့။
 

ရုပ်ရှင်လောကရဲ့ အကြီးဆုံးဆုဖြစ်တဲ့ အော်စကာဆုပေးပွဲကို တနင်္ဂနွေညက ဟောလိဝုဒ်မှာ ပြုလုပ်ပြီးသွားပါပြီ။ အလှအပနဲ့ အနုပညာသမားတွေရဲ့ မျှော်လင့်ချက်အကြီးဆုံးဆုကြီးဖြစ်တာမို့ အလှဆုံးဖက်ရှင်တွေကိုလည်း မြင်ရပါတယ်။ ဆုပေးပွဲတက်တာမို့လို့ ဖက်ရှင်တွေက တည်တည်ငြိမ်ငြိမ်နဲ့လှစေမယ့်ဝတ်စုံတွေကိုသာ အတွေ့များရပါတယ်။ တချို့ကြတော့လည်း အဆန်းထွင်တာများပြီး ဂွမ်းသွားတာတွေလည်း ရှိပါလေရဲ့။



 

၁။ Janelle Moane ရဲ့ အနက်ရောင်ဖက်ရှင်ပါ။ အောက်ပိုင်းကားကား အပေါ်ပိုင်းက ဇာပါးပါးနဲ့ စပ်ထားတာဖြစ်ပါတယ်။ အနက်ပေါ်မှာ ရွှေစီးကွင့်စ်တွေက ပြွတ်သိပ်နေသလို ခါးအောက်ပိုင်းတည့်တည့်မှာ တွဲလောင်းချထားတဲ့ပုံစံကြီးက ကြည့်ရဆိုးပါတယ်။

 

၂။ ဟယ်လီဘယ်ရီကတော့ ငွေရောင်နဲ့နက်ပြာရောင်စပ်ထားတားတဲ့ ဝတ်စုံကို ဝတ်လာပါတယ်။ ဆံပင်က ငှက်သိုက်လိုရှုပ်ထွေးပွယောင်းတာနဲ့ဆိုတော့ ဝတ်စုံက မဆိုးတာတောင် ဆံပင်ကြောင့် ရုပ်ဆိုးသွားတယ်လေ။

 

၃။  အော်စကာဆုပေးပွဲရဲ့ ဧည့်သည်တော် ဘလန်ကာဘလန်ကိုဟာ ဒီပွဲကို တက်ဖို့အတွက် အရမ်းပဲ စိတ်လှုပ်ရှားနေသလား၊ ဒါမှမဟုတ် ရေးကြီးသုတ်ပြာနဲ့များ လာရလို့များလား မသိပါဘူး။ သူမဟာ အတွင်းခံဝတ်ဖို့ မေ့လာပုံပါပဲ။ ခါးအောက်ကနေခွဲထားတဲ့ ဂါဝန်အကွဲဟာ ဓာတ်ပုံဆရာတွေရှေ့မှာ အတော်လေးဟသွားတဲ့အတွက် သူမရဲ့မျက်နှာ နီရဲသွားရပါတယ်။

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ခါးအောက်ထိခွဲထားတဲ့ ဂါဝန်ကြောင့် အော်စကာကော်ဇောနီပေါ်မှာ အရှက်ကွဲခဲ့တဲ့ မင်းသမီး

 

၄။ ညှို့မင်းသမီးရယ်လို့ နာမည်ကြီးတဲ့ စကားလက်ဂျိုဟန်ဆန်ဟာ ကျားသစ်ကွက်ပုံစံနဲ့ ခပ်ဆင်ဆင် ဇာပါးဂါဝန်ကို ဆင်မြန်းလာပါတယ်။ အောက်ကတစ်ထပ်နဲ့ အပေါ်ကအရောင်က လိုက်ဖက်မှုလည်း မရှိလှပါဘူး။ သူမလို မင်းသမီးမျိုးဟာ ကိုယ့်အလှကိုပျက်စီးစေတဲ့ဖက်ရှင်ကို ဘယ်လိုများ ရွေးလာပါလိမ့်။

 

၅။ အသက် ၇၆ နှစ်အရွယ် Faye Dunaway ဟာ အရွယ်နဲ့မလိုက်အောင် နုပျိုနေပါတယ်။ အပေါ်ပိုင်းမှာ အမျိုးသားဝတ်ကုတ်အကျႌဒီဇိုင်းအတိုင်း ပြုလုပ်ထားပြီး ဒူးအောက်ရောက်တော့မှ ဇာတွေ အတွန့်အဖတ်တွေ ထည့်ထားတဲ့ ဝတ်စုံကိုဝတ်တော့ ဂွမ်းတာပါပဲ။

Photos : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က