ဆံပင်ဟာ အသက် ၂၀ ကျော်တုန်းကလို နက်မှောင်ထူထဲမှု မရှိတော့ပါဘူး။
 

အသက် ၄၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်ဟာ သိသိသာသာကြီး ပြောင်းလဲလာပါပြီ။ ဆံပင်၊ အရေပြားတို့က အသိသာဆုံးပါပဲ။ အထူးသဖြင့် ဆံပင်ဖြူတွေပေါ့။ ဒါကြောင့်မို့လို့ သုံးနေကြ ဆံပင်အတွက်အလှကုန်တွေကိုပါ ပြောင်းလဲဖို့ လိုအပ်လာပါပြီ။

gettyimages-465480273-hair-color-ammonia-topalov-djura.jpg 

၁။ အမိုးနီးယားပါတဲ့ဆိုးဆေး

ဆံပင်ကို အရောင်ဆိုးဖို့လိုအပ်လာပြီဆိုပေမဲ့ အမိုးနီးယား (ammonia) ပါဝင်တဲ့ ဆံပင်ဆိုးဆေးမျိုး မသုံးသင့်ပါဘူး။ အမိုးနီးယားက ဆံပင်အပေါ်ယံလွှာတွေကို ပျက်စီးစေပါတယ်။ အပေါ်ယံပျက်စီးသွားတာကြောင့်မို့လို့ ဆေးဆိုးပြီး ရက်ပိုင်းအတွင်းမှာတင် ဆံပင်ဖြူတွေ ထပ်ပေါ်လာဦးမှာပါပဲ။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ဆံပင် ကာလာ ချိန်းမယ်ဆိုရင် ဒါလေး ဖတ်ပြီးမှ ချိန်းပါ

Hair-Spray-To-Smoothen-Hair-2.jpg

၂။ ဆံပင်မာစေတဲ့ဖြန်းဆေး

ဆံပင်ပုံသွင်းထားတဲ့အခါ ပုံစံမပျက်ရှိနေဖို့အတွက် ကော်ရည်စပရေးကို အသုံးပြုရပါတယ်။ ဖြန်းထားလိုက်ရင် ဆံပင်က မာမာတောင့်တောင့်ကြီးဖြစ်သွားစေတဲ့ ဖြန်းဆေးမျိုး မသုံးသင့်တော့ပါဘူး။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ဒီလိုဆိုရင် သင့်ခေါင်းမှာ ဗောက်တွေရှိနေပြီ

gettyimages-187184800-hair-gel-imagehub88.jpg

၃။ ပုံသွင်းဂျယ်လ် (Gel)

ဆံပင်ပုံသွင်းဂျယ်လ်ဆိုတာလည်း ဖြန်းဆေးနဲ့ ပုံစံတူပါပဲ။ ဆံပင်ကို မာမာတောင့်တောင့်ဖြစ်သွားစေတာမို့ မသုံးသင့်တာပါ။ ဘာကြောင့်လဲဆိုတော့ ဆံပင်က အရင်တုန်းကလို ကျစ်လစ်သိပ်သည်းမှုလျော့နည်းလာပြီး တောက်ပမှုလည်းသိပ်မရှိတော့ဘူးလေ။ ကော်ရည်စပရေးဖြန်းလိုက်ရင် ပိုဆိုးသွားတတ်လို့ပါ။

Source : Prevention

ဆက်စပ်ဖတ်ရှုချင်စရာ ---> ဆံသားခြောက်သွေ့မှုအတွက် အုန်းဆီနဲ့ထိန်းသိမ်းပြုပြင်မယ်

Share

Loading Next Article...
က္က