ဒီဇိုင်းကောင်းကောင်းလေးတွေကို နမူနာယူနိုင်အောင် ကြည့်ကြည့်ပါဦး။
 

အိမ်တစ်လုံးရဲ့ဒီဇိုင်းဟာ ဘယ်လောက်ပဲကောင်းနေပါစေ ဆေးရောင်ကိုသာ ဂရုတစိုက် မခြယ်ဘူးဆိုရင် ပြီးပြည့်စုံတဲ့အိမ်ပုံစံလေး ဖြစ်လာမှာမဟုတ်ပါဘူး။ အိမ်ပြင်သာမက အိမ်တွင်း ဆေးသုတ်ရာမှာလည်း အရောင်ရွေးတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်တွင်းမှာ ဆေးသုတ်မယ်ဆို ထည့်သွင်းစဉ်းစားလို့ရမယ့် ဒီဇိုင်းကောင်းကောင်းလေးတွေကို နမူနာယူနိုင်အောင် ကြည့်ကြည့်ပါဦး။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> အိမ်တွင်း စိုက်ပျိုး၍ အကောင်းဆုံးအပင်များ

 

(၁) နံရံ

နံရံကို အရောင်တစ်မျိုးတည်း သုတ်မယ့်အစာ လိုက်ဖက်တဲ့အရောင်နှစ်ခုကို ပေါင်းစပ်ကြည့်တာ ပိုကောင်းပါတယ်။ ဒေါင်လိုက်သုတ်တာမျိုးက အခန်းကျယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ လိုက်ဖက်ပြီး ကိုယ့်အိမ်တွင်းမှာဆိုရင်တော့ ပုံထဲကလို ထောင့်ဖြတ်စပ်ထားပုံလေးက အမြင်ဆန်းတယ်မဟုတ်လား။ ရေပြင်ညီ ကန့်လန့်မျဉ်းတွေကတော့ အိမ်တွင်းမှာသုတ်ရင် မလှပါဘူး။

 

(၂) နံရံအောက်ခြေ

နံရံအောက်ခြေမှာ တချို့က သစ်သားပြားလေးတွေနဲ့ ဘောင်ကွပ်ကြတယ်လေ။ အဲ့ဒီလိုဘောင်ကွပ်လိုက်မယ်ဆိုရင် နံရံရဲ့အရောင်ထက် နှစ်ဆလောက် ပိုရင့်တာကိုရွေးပါ။ ပြီးရင် အပေါ်က လိုင်းတစ်လိုင်း ထပ်ဆွဲလိုက်တာ ပိုလှပါတယ်။

 

(၃) ပန်းအိုးတွေ

အညိုရောင်ပန်းအိုးတွေက မြေအိုးဆိုရင်တော့  ပင်ကိုယ်အရောင်အတိုင်းထားတာ ပိုကောင်းပါတယ်။ ကော်နဲ့လုပ်ထားတဲ့ ပန်းအိုးတွေ ဆိုရင်တော့ ဆေးသုတ်ထားမှ မျက်စိပသာဒဖြစ်တာပါ။ သိပ်မခက်ပါဘူး။ အရောင် ၄ မျိုးလောက်ကို စုတ်တံနဲ့ ကန့်လန့်ဖြတ် ခပ်ကြမ်းကြမ်းဆွဲပေးလိုက်ပေါ့။

 

(၄) သေတ္တာ

ပစ္စည်းထည့်ဖို့ ဆင့်ထားတဲ့ သေတ္တာတွေကိုလည်း အရောင်မတူတာမျိုးလေးတွေ ရွေးရင် ပိုကောင်းပါတယ်။ သစ်သားနဲ့လုပ်ထားတဲ့ သေတ္တာမျိုးဆိုရင် ပုံးအရေအတွက်ကိုကြည့်ပြီး ဆေးရောင်ခြယ်တာ အကောင်းဆံုံးပါပဲ။ ပုံကိုကြည့်ပါ။ အရောင်မတူတာကို ရွေးထားတော့ မျက်စိထဲမှာ ရိုးရိုးကြီးဖြစ်မနေဘဲ ကြည့်လို့ကောင်းနေတယ်လေ။

Photos : Inside Out

Share

Loading Next Article...
က္က