ပုံသေးသေးပဲ ဆိုပြီး ဖြစ်သလို မလုပ်သင့်ပါဘူး။
 

ချစ်စရာကောင်းတဲ့ တက်တူးသေးသေးလေတွေကို မိန်းကလေးတွေ အထိုးများပါတယ်။ တက်တူးသေးသေးလေးဆိုပေမဲ့ သူ့ကိုထိုးမယ်ဆိုရင် တက်တူးအကြီးစားတွေလိုပဲ ဂရုစိုက်ပေးဖို့ လိုပါတယ်။ တက်တူးမထိုးခင် ကြိုတင်လေ့လာတာတွေ လုပ်ဖို့ လိုပါတယ်။ ဒီလိုမျိုး တက်တူးသေးသေး မထိုးခင် သင်သိသင့်တဲ့ အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁ - လူရွေးပါ

တက်တူးကလည်း အနုပညာတစ်ရပ်ပါ။ body art လို့တောင်ခေါ်တာပါ။ ဒီတော့ ထိုးပေးတဲ့သူတွေမှာလည်း ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်ရှိပါတယ်။ တစ်ချို့က တက်တူးသေးသေးထိုးရင် ပိုတိကျသေသပ်တတ်ပြီး တစ်ချို့ကတော့ လိုင်းအကြီးကြီးတွေနဲ့ ပုံကြီးကြီးတွေမှာ အားသာပါတယ်။ မထိုးခင်အရင်ဆုံး လေ့လာရမှာဖြစ်ပါတယ်။ ဘယ်သူက ပုံသေးသေးတွေထိုးရာမှာ နာမည်ကြီးလဲဆိုတာ စုံစမ်းကြည့်ပါ။

 

၂ - အမှား

အသားပေါ်မှာထိုးရမှာ ဖြစ်တဲ့အတွက် အမှားခံလို့မရပါဘူး။ ကိုယ်ထိုးမယ့် တက်တူးပညာရှင်ကို သေချာရွေးချယ်ဖို့ ထပ်သတိပေးပါရစေ။ တက်တူးဟာ အလွန်သေးငယ်တဲ့အခါ တစ်ချို့လိုင်းတွေက ကိုယ်လိုချင်သလို မဖြောင့်တာမျိုး ဖြစ်တတ်ပါတယ်။ အမှားကို နည်းနိုင်သမျှနည်းဖို့ သင့်ဘက်ကလည်း သေချာရွေးချယ်ဖို့ လိုတာ ဖြစ်ပါတယ်။

၃ - ဆင်တူ

တစ်ချို့က ကိုယ့်အချစ်ဆုံးလူနဲ့ ဆင်တူတက်တူးမျိုး ထိုးတတ်ကြပါတယ်။ ဒီအခါမှာ သင့်အသားအရေရဲ့ ရောင်ခြယ်ပုံစံကြောင့် ကွက်တိဆင်တူတာမျိုး မဟုတ်ဘဲ ဖြစ်နေတတ်ပါတယ်။ တစ်ပုံတည်းကို တစ်ယောက်တည်းက ထိုးတာတောင်ဖြစ်တတ်တာပါ။ များသောအားဖြင့်တော့ အရေပြားပုံစံခြင်း မတူတာကြောင့် ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်းများ -အိမ်အတွင်းပိုင်းမှာ လန်းဆန်းတဲ့အသွင်ရဖို့ ဆေးရောင်ခြယ်မယ်ဆို )

 

၄ - မြန်မြန်ပြယ်တယ်

တက်တူးသေးသေးလေးတွေဟာ ချစ်စရာကောင်းသလို ရေရှည်ခံဖို့ကြတော့ ပုံမှန်အရွယ်အစားတက်တူးတွေလိုမဟုတ်ပါဘူး။ တက်တူးသေးသေးဆွဲတဲ့အခါ တက်တူးပညာရှင်အများစုဟာလည်း လိုင်းအထူကြီးတွေ မသုံးကြပါဘူး။ ဒါကြောင့် အရောင်ပြယ်လွှင့်ဖို့ မြန်ပါတယ်။

၅ - ပြင်လို့လွယ်

မြန်မြန်ပြယ်ပေမယ့် ပြည်ဖြည့်ဆွဲဖို့ကလည်း လွယ်ပါတယ်။  တက်တူးကြီးတဲ့အခါ အချိန်နဲ့ ငွေကုန်ကြေးကျများပါတယ်။ တက်တူးသေးသေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပြန်လုပ်လို့ရပါတယ်။ ဒါ့အပြင်သေးသေးလေးကနေ ခပ်ကြီးကြီးအဖြစ်လည်း ပုံထပ်ဖြည့်လို့ရပါတယ်။

 

၆ - ဂရုစိုက်

တက်တူးသေးသေးလေးတွေဟာ အကောင်သေးသလို နုလည်းနုပါတယ်။ တက်တူးကြီးတွေလောက် အကြမ်းမခံပါဘူး။ သင့်ဘက်ညှင်ညှင်သာသာ ထိတွေ့ဖို့လိုပါတယ်။ ခြစ်တာတွေ၊ ကုပ်တာတွေမျိုး မလုပ်သင့်ပါဘူး။

Photos & Source: Bustle

Share

Loading Next Article...
က္က