အဝတ်အစားကြောင့် သင်ရဲ့ရုပ်သွင်က ကြည့်ရပိုဆိုးသွားနိုင်ပါတယ်။
 

ပိန်တဲ့ အမျိုးသားတွေအတွက် အဝတ်အစားဝတ်တဲ့အခါ သိသင့်တဲ့အချက်လေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေကို မသိဘဲ ကြုံသလို ဝယ်မယ်ဆိုရင်တော့ သင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုး မရနိုင်ပါဘူး။ အဝတ်အစားကြောင့် သင်ရဲ့ရုပ်သွင်က ကြည့်ရပိုဆိုးသွားနိုင်ပါတယ်။

၁ - ပျော့ပျော့ပြောင်းပြောင်းကို ရှောင်

ရုပ်ပိုင်းဆိုင်ရာ အရ ပျော့တိပျော့ဖတ်ပုံပေါက်သွားစေမယ့် အဝတ်အစားမျိုးကို ရှောင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပိန်တဲ့လူတွေဟာ အလွန်ပွယောင်းတဲ့ အဝတ်အစားကြီးတွေကို ဝတ်ရင်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်လို့ရမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ရဲ့ ပိန်လှီမှုဟာ ပိုပေါ်လွင်သွားတာ ဖြစ်ပါတယ်။ ဝယ်တဲ့အခါ ကိုယ်နဲ့ တကယ်အံ့ကိုက်ဖြစ်တဲ့ အကျႌမျိုးပဲ ဝယ်သင့်ပါတယ်။ အထူးသဖြင့်ပခုံးအတိုင်းဟာ သင်နဲ့ ပုံကျဖို့ လိုပါတယ်။ လက်ကလည်း အရမ်းပွနေလို့ မဖြစ်ပါဘူး။ သင်လက်မောင်းကနေ ကားထွက်နေတဲ့ လက်တိုအကျႌမျိုးဟာ သင်ပိန်ကြောင်း ကြေညာထားသလို ဖြစ်နေတာပါ။

 

၂ - အထပ်ထပ် ဝတ်ပါ

နှစ်ထပ်၊ သုံးထပ်ဝတ်တာမျိုး ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ ပြည့်ဖြိုးတဲ့ ပုံစံမျိုး ဖြစ်လာစေပါတယ်။ ဒါပေမဲ့လည်း အကျႌထူထူတွေကိုပဲ သုံးလေးထပ်ဝတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလို အထပ်ထပ် ဝတ်ထားကြောင့် သင်ပိန်တာကို လူတွေ ပိုအာရုံစိုက်မိသွားစေပါတယ်။

၃ - အကျႌအသား

အကျႌချုပ်ပုံတင်မကဘဲ အကျႌအသားကလည်း အရေးကြီးပါတယ်။ အသားဟာ ပါးလွှာပေါ့ပါးတဲ့ အသားမျိုးအစား ဂျင်းသားလို ပိတ်သားကြပ်ကြပ်မျိုးကို ရွေးသင့်ပါတယ်။ Tweed, Flannel, Glen check, Corduroy လိုအသားတွေကို ရွေးသင့်တာပါ။ မျက်နှာပြင်ကြမ်းတမ်းတဲ့အသားမျိုးဆို  ပိုကောင်းပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ဘဝတစ်လျှောက်ကြုံရမယ့် သူငယ်ချင်းကောင်း (၅) မျိုး)

 

၄ - လည်ပင်း

လည်ပင်း ဖုံးတဲ့ အကျႌမျိုးကို ဝတ်ရင်လည်း ပိန်တာ သိပ်မပေါ်လွင်တော့ပါဘူး။ ဒါပေမဲ့လည်း ရန်ကုန်လို ရာသီဥတုမျိုးနဲ့ လည်ပင်းဖုံးတဲ့အဝတ်မျိုးဝတ်ဖို့က ခက်ပါတယ်။ လည်ပင်းမှာ ကော်လံပြည့်ပြည့်ထူထူမျိုးကလည်း အဆင်ပြေပါတယ်။

၅ - အရောင်

ခုထိ ပြောခဲ့သမျှက ပူတဲ့ ရာသီဥတုနဲ့ မကိုက်ညီသလို ဖြစ်နေပါတယ်။ ပူတဲ့ရာသီဥတုမှာ ပေါ့ပေါ့းပါးပါးအသားမျိုးနဲ့ တီရှပ်ကို ဝတ်လေ့ရှိကြတာပါ။ တကယ်လို ဒီလို ပေါ့ပေါ့ပါးပါး တီရှပ်မျိုး ဝတ်မယ်ဆိုရင် ဖျော့တော့တဲ့ အရောင်မျိုး ရွေးသင့်ပါတယ်။ ဒီဇိုင်းကတော့ ဒေါင်လိုက်စင်းမျိုးကို ရွေးသင့်ပါတယ်။ အကွက်ဆိုရင်တော့ အကွက်သေးသေးမျိုး ရွေးရမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -စတိဂျော့ဗ်လို အောင်မြင်ကျော်ကြားသူတွေက ဘာလို့ နေ့တိုင်း စတိုင်လ်တစ်မျိုးတည်း ဝတ်လေ့ရှိကြတာလဲ )

Photos & Source: Manliness

Share

Loading Next Article...
က္က