ဆယ်လ်ဖီရိုက်ခြင်းထက် ဆဲလ်ဖီပုံတင်ရတာကို ပိုအလေးထားသူတွေ ရှိပါတယ်။
 

လက်ရှိလူငယ်မျိုးဆက်တွေထဲမှာတော့ ဆယ်လ်ဖီမရိုက်သူ မရှိသလောက်ပါပဲ။ ဆယ်လ်ဖီရိုက်ခြင်းဟာ ဓာတ်ပုံရိုက်ခြင်းသက်သက်မဟုတ်တော့ဘဲ သူငယ်ချင်းတွေနဲ့ ပူးတွဲလုပ်ဆောင်ရတဲ့ ပျော်စရာတစ်ခုလို ဖြစ်လာပါတယ်။ ဆယ်လ်ဖီ (selfie) စွဲလန်းပြီး  လူမှုကွန်ရက်ပေါ် ပုံတွေ နေ့စဉ်တင်သူတွေတောင်ရှိပါတယ်။ Brigham Young  တက္ကသိုလ်က သုတေသနသမားတွေဟာ ဆယ်လ်ဖီရိုက်ခြင်းနဲ့ပတ်သက်တဲ့ သုတေသနတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့တွေ့ရှိချက်အရ လူတွေဆယ်လ်ဖီရိုက်ရတဲ့အကြောင်းအရင်း သုံးမျိုးပဲ ရှိတယ်လို့ ဆိုပါတယ်။

 

၁ - ဆက်သွယ်ချင်သူ

သူတို့ဟာ ဆယ်လ်ဖီရိုက်ခြင်းထက် ဆယ်လ်ဖီပုံတင်ရတာကို ပိုအလေးထားသူတွေပါ။ လူမှုကွန်ယက်ပေါ်ကို တင်တဲ့အခါ သူငယ်ချင်းတွေ ကော်မန့်တွေ ပေးလာဖို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ကိုယ်တင်ထားတဲ့ပုံကို အခြေပြုပြီး ကော်မန့်မှာ အပြန်အလှန်စကားပြောရတာကို နှစ်သက်သူတွေပါ။ သူတို့တင်တဲ့ပုံတွေဟာလည်း ဝင်ပြီးကော်မန့်မပေးဘဲ မနေနိုင်လောက်အောင်ပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အသည်းကွဲနေလား ? ဆံပင်စတိုင်လ်ပြောင်းလိုက်လေ )

 

၂ - ကိုယ့်ကိုယ်ကိုယ် ပြသသူ

ဆယ်လ်ဖီအရိုက်ကောင်းသူတွေ ဖြစ်ပါတယ်။ ဆယ်လ်ဖီဘုရင်တွေလို့ ပြောရလောက်အောင်ကို ဆယ်လ်ဖီကင်မရာသဘောကို ကျွမ်းကျင်နေသူတွေပါ။ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ကြည့်အကောင်းဆုံး ဆယ်လ်ဖီပုံတစ်ပုံဖြစ်အောင် ရိုက်နိုင်ပါတယ်။ ဆယ်လ်ဖီပုံအတင်ဆုံးလူတွေလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ် ဆယ်လ်ဖီပုံတင်တာဟာ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ပြောဖို့ မမျှော်လင့်ပါဘူး။ ပုံပြရုံသက်သက်ပါပဲ။

 

၃ - ကိုယ့်အကြောင်း ကိုယ်ပြောချင်သူ

သူတို့ ဆယ်လ်ဖီပုံတင်တဲ့အခါ အဆိုပါပုံဖြစ်ပေါ်လာပုံအကြောင်း၊ ဘယ်နေရာမှာရိုက်တယ်ဆိုတဲ့ အကြောင်း၊ ဓာတ်ပုံရိုက်တုန်းက ဘယ်လိုပျော်ရတယ်ဆိုတဲ့ အကြောင်းတွေ ပြောတတ်ပါတယ်။ ဆယ်လ်ဖီပုံနဲ့အတူ သူတို့ခံစားနေရတာတွေကိုပါ တွဲရေးတတ်ပါတယ်။  ကိုယ့်အကြောင်းကိုယ် ပြောချင်တာ၊ အမှတ်ရစရာတစ်ခုကို ပြောချင်တာမျိုးရှိတဲ့အခါ ဆယ်လ်ဖီပုံနဲ့ တွဲပြောသူတွေ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ခရီးသွားရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ (၇) ခု )

Photos & Source: Candy

Share

Loading Next Article...
က္က