အကြောင်းအချက်များစွာကြောင့် နာရီအလိုက် ခန္ဓာကိုယ်ဟာ ဝိတ်အတက်အကျ ရှိနေပါတယ်။
 

မကြာသေးခင်က Obesity ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ ပေါင်ချိန်တဲ့ခေါက်ရေ တစ်ခုနဲ့တစ်ခု ကွာခြားလွန်းတဲ့အခါ ဝိတ်ပိုတက်လေ့ရှိတယ်လို့ ဆိုပါတယ်။တစ်ပတ် ၅ ကြိမ်ကနေ ၆ ကြိမ်ထိ ပေါင်ချိန်သူတွေဟာ ဝိတ်ပိုကျလေ့ရှိတာလည်း ဖြစ်ပါတယ်။

တစ်နှစ်ကြာမြင့်ခဲ့တဲ့ အဆိုပါ သုတေသနမှာ လူပေါင်း ၁၄၈ ယောက်ကို လေ့လာခဲ့တာဖြစ်ပြီး  အမျိုးသမီး အများစု ပါဝင်တာဖြစ်ပါတယ်။ ကနဦးမှာ တစ်ပတ်ကို ၅-၆ ကြိမ် ပုံမှန် ဝိတ်ချိန်တက်ကြပေမယ့် သုသေတနအဆုံးမှာတော့ ပေါင်ချိန်တဲ့ခေါက်ရေဟာ တစ်ချိန်နဲ့တစ်ချိန့် ၄-၅  ရက်ကွာခြားသွားတာ ဖြစ်ပါတယ်။

သုတေသနရဲ့ တွေ့ရှိချက်အရ နေ့စဉ်ပေါင်ချိန်သူအမျိုးသမီးတွေဟာ ပေါင်ချိန်တာ မမှန်တဲ့ အမျိုးသမီးတွေထက် ဝိတ်ပိုကျရုံတင်မကဘဲ ဝိတ်ကျတဲ့ပုံစံကို ပုံမှန်ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။  နေ့စဉ်ပေါင်ချိန်ခြင်းဟာ စားသောက်မှုပုံစံကိုပါ မသိစိတ်ကနေလွှမ်းမိုးသလိုရှိပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်ကနေ လွဲချော်သွားတဲ့အခါ ကျန်းမာတဲ့ ရွေးချယ်မှုတွေကို ပြန်လည်ပြုလုပ်စေတာလည်း ဖြစ်ပါတယ်။

 

 နေ့စဉ်ပေါင်ချိန်ပါ

နေ့စဉ်ပြုလုပ်နေကျအချိန်မှာပဲ ပေါင်ချိန်ပါ။ အကြောင်းအချက်များစွာကြောင့် နာရီအလိုက် ခန္ဓာကိုယ်ဟာ ဝိတ်အတက်အကျ ရှိနေပါတယ်။ ဘယ်လောက်စားတယ်၊ ဘယ်လောက်သောက်ထားတယ်၊ လှုပ်ရှားမှု ဘယ်လောက်ရှိထားတယ်ဆိုတာတွေက သက်ရောက်မှု ရှိတာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မနက်စောစော ပေါင်ချိန်သင့်တာ ဖြစ်ပါတယ်။ မနက်ပိုင်းဟာ ခန္ဓာကိုယ်အလေးချိန် လျော့နည်းနေနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ မနက် ရှစ်နာရီမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို တိုင်းထားတယ်ဆိုရင်  နေ့စဉ်မနက်ရှစ်နာရီမှာပဲ တိုင်းတာသင့်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အစပ်မစားနိုင်သူရဲ့ ဒုက္ခ (၁၀) ခု)

Photos & Source:Prevention

Share

Loading Next Article...
က္က