မျက်ဝန်းလေးတွေက အရှိထက် ပိုမိုဝိုင်းနေသယောင် ဖြစ်ချင်တယ်ဆို လိုင်နာအဖြူကိုသုံးပါ။
 

မျက်လုံးတစ်စုံဟာ နှလုံးသားရဲ့ ပြတင်းပေါက်တွေပါလို့ ညွှန်းဆိုကြတယ်မို့လား။ ဒီလိုမျိုး အရေးပါတဲ့ မျက်ဝန်းလေးတွေဟာ ကျန်းမာတဲ့အသွင်နဲ့ လင်းလက်တောက်ပနေမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကိုယ့်ရဲ့ မျက်ဝန်းအလှကို ပိုမိုသက်ဝင်သွားဖို့ရာ ဒီအချက်တွေက ကူညီပေးမှာ အသေအချာပါပဲနော်။ ဖတ်ကြည့်ပါဦး...။

 

၁။ ရေခဲလေးတွေ

ညက သောက်မိလို့ ၊ အိပ်ရေးမဝခဲ့လို့ မနက်မိုးလင်း အိပ်ရာနိုးတဲ့အခါ မျက်လုံးတွေ စပ်ဖျဉ်းဖျဉ်း ဖြစ်ရတယ်ဟုတ်? မှန်ထဲပြေးကြည့်လိုက်တော့ မျက်အိတ်တွေကလည်း တွဲကျနေပြီ။ ဘာလုပ်ကြမလဲ? ရေခဲတုံးလေးကို အဝတ်နဲ့ပတ်ပြီး မျက်လုံးမှာကပ်ထားပေးလိုက်။ ခဏနေဆိုရင် မျက်အိတ်တွဲတာတွေ မရှိတော့ဘူး။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ဇွန်းနဲ့ မျက်လုံးအလှပြင်နည်း ( ၄ ) ခု

LHJZUjo.jpg 

၂။ ကော့ညွှတ်နေတဲ့မျက်တောင်

မျက်တောင်ကော့ဆေးကို ပိုပြီး ကြာကြာခံစေမယ့်နည်းကို ပြောမလို့လေ။ ဇွန်းတစ်ချောင်းကိုယူပြီး ရေနွေးထဲစိမ်လိုက်ပါ။ အဝတ်သန့်သန့်နဲ့ ခြောက်အောင်သုတ်ပြီးရင် မျက်တောင်အဖျားတွေကို ဇွန်းနဲ့ကပ်ပြီး လက်လေးနဲ့ အသာအယာဖိလိုက်ရင် မျက်တောင်လေးတွေ ကွေးသွားပါလိမ့်မယ်နော်။ သတိထားရမှာတစ်ခုက ဇွန်းသန့်ဖို့ရယ် ရေနွေးထဲမှာ အရမ်းပူခြစ်သွားအောင် မစိမ်မိဖို့ရယ်ပါပဲ။

031716-lady-gaga-white-eyeliner-lead.jpg 

၃။ မျက်ဝန်းလေး ကျယ်သလိုဖြစ်ချင်ရင်

မျက်ဝန်းလေးတွေက အရှိထက် ပိုမိုဝိုင်းနေသယောင် ဖြစ်ချင်တယ်ဆို လိုင်နာအဖြူကိုသုံးပါ။ မျက်ခမ်းအစပ် အတွင်းလိုင်းမှာ လိုင်နာခဲတံအဖြူလေးနဲ့ ဆွဲလိုက်ရင် မျက်လုံးပိုဝိုင်းတယ်လို့ ထင်ရစေပါတယ်။ အပေါ်မျက်ခွံမှာတော့ အိုင်းလိုင်နာအနက်လေးကို လိုသလိုဆွဲပေးလိုက်ပေါ့။

o-BEAUTIFUL-BLUE-EYES-facebook.jpg 

၄။ အပြာရောင်

ဒါကတော့ လျှို့ဝှက်ချက်နော်။ မျက်တောင်ကော့ဆေးဖြစ်စေ၊ အိုင်းလိုင်နာဖြစ်စေ၊ အိုင်းရှဲဒိုးဖြစ်စေ တစ်ခုခုကို အပြာရောင်သုံးကြည့်ပါ။ မျက်ဝန်းလေးတွေက ချက်ချင်းဆိုသလို လင်းလက်တောက်ပလာပြီး သက်ဝင်လှုပ်ရှားလာပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို ယုံကြည်မှုရှိရှိနဲ့ ကြည့်လိုက်တဲ့အခါ သူကတော့ ကြွေဆင်းသွားမှာပါပဲ။

Source : Cosmo

Share

Loading Next Article...
က္က