ဒါလေးတွေသာ မှတ်ထားလိုက်ပါ။ ပိုမိုတောက်ပတဲ့ အလှပိုင်ရှင်လေး ဖြစ်လာမှာ အသေအချာပါပဲ။

56791fcc3401b.jpg 

၁။ လက်သည်းနီမြန်မြန်ခြောက်ဖို့

လက်သည်းဆိုးဆေး ဆိုးပြီး မြန်မြန်ခြောက်သွားချင်ပါသလား? ဆိုးပြီးလို့ ၁ မိနစ်လောက်နေရင် ရေခဲရေထဲမှာ ၃ မိနစ်လောက်စိမ်ထားလိုက်ပါ။ လက်သည်းဆိုးဆေးရည်က အေးတဲ့အပူချိန်မှာ ပိုပြီးခြောက်လွယ် (ခဲလွယ်)ပါတယ်။

manicure.jpg 

၂။ လက်သည်းနီတွေ မကွာဖို့

ဆိုးထားတဲ့ လက်သည်းနီတွေက လက်သည်းထိပ်ကနေ စပြီး ကွာလာရော။ သိပ်မကြာပါဘူး လက်သည်းတစ်ချောင်းလုံး ဆိုးထားသမျှက တောက်လျှောက်လိုက်ကွာလာတယ်လေ။ ဒီလိုမဖြစ်ချင်ဘူးဆိုရင် လက်သည်းနီခြောက်သွားတဲ့အခါ လက်သည်းထိပ်ကို တံစဉ်းလေးနဲ့ ချောမွတ်သွားအောင် တိုက်ပေးထားလိုက်ပါ။

4.-Keep-nail-shine-tops-from-drying-close.jpg 

၃။ ဘေးတွေမပေအောင်

မိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့အရာတစ်ခုက Vaseline အလှဆီပါ။ လက်သည်းနီမဆိုးမီ လက်သည်းဘေးဘက်တွေကို ထူထူလေး သုတ်ထားလိုက်ပါဦး။ မတော်တဆ လက်သည်းနီတွေ ချော်ဆိုးမိသွားရင် အသားကိုမထိတော့ဘူး။ အသာလေး ပွတ်လိုက်တာနဲ့ ပျက်သွားမယ်လေ။

nailcutting-719286.jpg 

၄။ လက်သည်းညှပ်တဲ့အခါ

ခြေသည်း၊ လက်သည်းတွေကို လက်သည်းညှပ်နဲ့ ညှပ်တဲ့အခါ အစအနတွေက ဟိုလွင့်ဒီလွင့် ဖြစ်ရလို့ လူကြီးတွေဆူတာလည်း ခံရတယ်လေ။ ပြီးတော့ ပုံစံလှလှလေးလည်း ညှပ်လို့မရဘူး။ ဒီလိုဖြစ်ရတာက လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်နေချိန် ညှပ်လို့ပါ။ တကယ်ဆိုရင် ရေချိုးပြီး ဒါမှမဟုတ် ခြေထောက်ကို ရေဆေးပြီးမှ ညှပ်မယ်ဆို ဒါတွေမဖြစ်တော့ဘူးလေ။ ဒါကြောင့်မို့လို့ ဆိုင်တွေမှာ manicure လုပ်ရင် ရေစိမ်ခိုင်းပြီးမှ လုပ်ပေးတာပေါ့။

 

၅။ ဝါနေတဲ့ လက်သည်း၊ ခြေသည်းတွေ

လက်သည်းနီဆိုးရတာ ဝါသနာပါတော့ တစ်ရောင်ဆိုးလိုက်၊ ဖျက်လိုက်၊ နောက်တစ်မျိုး ထပ်ဆိုးလိုက်နဲ့ ကြာလာတော့ လက်သည်းတွေက ဝါကျင့်ကျင့်ဖြစ်လာပြီ။ ဒီလိုမဖြစ်ချင်ဘူးဆိုရင် လက်သည်းနီတွေ ဖျက်ပြီးတိုင်း သံပရာသီးစိတ်လေးနဲ့ ပွတ်တိုက်ပေးပါ။ ကြည်လင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က