လူငယ်ဆန်ပြီး ကပိုကယိုလေးနဲ့ လှနေတော့မှာ သေချာပါတယ်။
 

ဒစ္စနေရဲ့ နာမည်ကျော်ကာတွန်း Beauty and the Beast ကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ ဇာတ်ကားကို နိုင်ငံအတော်များများမှာ ရုံတင်ပြသနေပါပြီ။ အဓိကဇာတ်ကောင် ဘဲလ်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အမ်မာဝပ်ဆန်ကလည်း ချစ်ဖို့ကောင်းလိုက်တာ အရမ်းပဲ။ ကာတွန်းထဲကအတိုင်း ပုံစံတူအောင် ပြင်ဆင်ရာမှာ အမ်မာက သဘာဝကျကျလေးပဲ ပြင်ထားတာ တွေ့ရမှာပါ။ အမ်မာရဲ့ ဘဲလ်ဇာတ်ရုပ်ပုံစံ ဆံပင်စတိုင်လ်လေး လိုက်လုပ်ကြည့်ရအောင်လေ။

 

ဆံပင်ကို အလယ်နား မကျတကျလောက်ကနေ ခွဲလိုက်ပါ။ အရှေ့ဘက်က ဆံပင်လေးတွေကို ခွဲပြီး ကလစ်နဲ့ညှပ်ကာ ဖယ်ထားလိုက်ပါ။ ကျန်တဲ့ဆံပင်တွေအားလုံး နောက်ကိုလှန်ဖြီးလိုက်ပြီး ထိပ်ပိုင်းကို စပရေးဖြန်းကာ ဖွပြီးမှ သားရေကွင်းလေးနဲ့စည်းထားလိုက်ပါဦး။ ဖောင်းဖောင်းလေးနဲ့ လျော့လျော့လေး ဖြစ်နေပါစေ။ နားရွက်နားတဝိုက်က ဆံပင်တွေနဲ့ ရှေ့မှာဖယ်ထားတဲ့ ဆံပင်တွေကို စပရေးဖြန်းပြီး အပူချောင်းနဲ့ လိပ်လိုက်ပါ။ သဘာဝကျကျလေးဖြစ်ရုံပါပဲ။ အရမ်းကွေးသွားလို့ မဖြစ်ပါဘူးနော်။ ပြီးရင် ဘီးနဲ့ပြန်ဖြီးချလိုက်တဲ့အခါ သဘာဝကျကျ လှိုင်းလေးတွေ ဖြစ်သွားပါလိမ့်မယ်။

 

သုံးပိုင်း အညီအညာ ခွဲထားပါ ရှေ့ဆုံးအပိုင်းကို နောက်ဘက်ကိုနည်းနည်းလိမ်ပြီးရင် ဒုတိယအပိုင်းနဲ့ပေါင်းစပ်ကာ ထပ်မံ လိမ်ကျစ်လိုက်ပါ။ ဒီလိုနဲ့ နောက်ဆုံးပိုင်းကိုပါ ထပ်လိမ်ကျစ်ပြီး ဦးခေါင်းနောက်နားကိုရောက်ရင် ကလစ်နဲ့ယာယီထိန်းထားရမှာဖြစ်ပါတယ်။ လိမ်ထားတဲ့ အလိမ်လေးနှစ်ခုကို နောက်စေ့နားမှာ သားရေကွင်းလေးနဲ့ စည်းထားလိုက်ပါ။ နောက်တော့မှ Butterfly Twist လို့ ခေါ်တဲ့ အတွင်းဘက်ကို လှည့်ပြီးထည့်လိုက်ပါ။

 

စည်းထားတဲ့နေရာရဲ့ အောက်ဘက် လက်လေးလုံးအကွာမှာလည်း သားရေကွင်းနဲ့ထပ်စည်းပြီး ဆံပင်ကိုလက်လေးနဲ့ဆွဲဖွကာ Twist တစ်ခုကို ထပ်လုပ်ပေးရပါမယ်။ Twist လေးကို ဖဲကြိုးလေးနဲ့စည်းပြီး ဘီးကုပ်လေးတပ်လိုက်မယ်ဆို Beauty and th Beast ထဲက အလှပဂေးလေးရဲ့ ဘဲလ်ရဲ့ဆံပင်စတိုင်လေး ဖြစ်သွားပြီပေါ့။ လူငယ်ဆန်ပြီး ကပိုကယိုလေးနဲ့ လှနေတော့မှာ သေချာပါတယ်။

Source : Jackie Wyers

Share

Loading Next Article...
က္က