လူတစ်ကိုယ်လုံး နွမ်းလျပြီးကြည့်မကောင်းတော့ဘူး။ မိတ်ကပ်လိမ်းဖို့လည်း အချိန်မရဘူးဆိုရင် ဒါတွေလုပ်ကြည့်ပါ။
 

Gym သွားပြီး အားကစားလုပ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် လှလှပပ ပြင်ဆင်ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များတဲ့လူလား။ တစ်နေကုန်တစ်နေခမ်း လျှောက်သွားနေရလို့ လူက သပ်ရပ်ကျော့ရှင်းမှုမရှိဘဲ အလှတွေ လျော့ကျနေပြီလား။ တစ်နေကုန် အလုပ်များပြီး ညနေဘက်မှာ ချိန်းထားတာရှိလို့မှ ကိုယ်က မလှမပ ဖြစ်နေပြီဆိုရင် ဒီအချက်တွေကို မှတ်ထားလိုက်ပါ။

 

၁။ ညစ်ပတ်နေတာတွေရှင်း ( ၂မိနစ်)

လက်သန့်ဆေးနဲ့ လက်ကိုသန့်ရှင်းအောင်လုပ်လိုက်ပြီး လက်သန့်ဆေးမခြောက်ခင် ခန္ဓာကိုယ်ကို လိုက်သုတ်လိုက်ပါ။ ရေချိုးသလို ဖြစ်သွားတာပေါ့။ လက်သန့်ဆေးရည်ကို တစ်ရှုးအစိုမှာတင်ပြီး လိုက်သုတ်ရင်လည်း ရပါတယ်။ ရေပြန်မဆေးရတော့ အချိန်ကုန်သက်သာတယ်လေ။ ချိုင်းကြားတွေကို ဦးစားပေးသန့်ရှင်းနော်။

 

၂။ ရေမြှုပ်လေး (စက္ကန့် ၂၀ )

မိတ်ကပ်လိမ်းတဲ့ ရေမြှုပ် (blender/ sponge) လေးနဲ့ နဖူး၊ နှာခေါင်း၊ မေးရိုးနှစ်ဖက် (T-Zone) နေရာတွေကို လိုက်တို့ပေးပါ။ ပေါင်ဒါကို ထပ်လိမ်းလိုက်ရင် မျက်နှာက ထူပြစ်သွားပြီး ရုပ်ဆိုးသွားမယ်နော်။ အဲ့လိုမလုပ်နဲ့။

 

၃။ အစိုဓာတ်ဖြည့်ခရင်မ် ( ၁၅ စက္ကန့်)

ချွေးထွက်/နေထိထားတဲ့ အသားအရေက စိုပြေမှုလည်း မရှိဘူးလေ။ စောနတုန်းက လက်သန့်ဆေးရည်နဲ့ သုတ်ထားလိုက်တော့ အနံ့တွေက ပျောက်သွားပြီ။ ဒါပေမဲ့ စိုပြေမှု လိုအပ်နေတုန်းပဲ။ မွှေးရနံ့ပါတဲ့ body lotion လေးကို ခန္ဓာကိုယ်မှာ လိမ်းလိုက်ပါ။ ဒါမှမဟုတ်လည်း ရိုးရိုး body lotion ကိုပဲ ရေမွှေးလေးနဲ့စပ်ပြီး လိမ်းပေးလိုက်ရင် ရပါတယ်။

 

၄။ နှုတ်ခမ်းနီ ( ၅ စက္ကန့်)

အရာအားလုံးကို ပြောင်းလဲသွားစေမှာ နှုတ်ခမ်းနီပါ။ နှုတ်ခမ်းနီကို အရောင်နှစ်မျိုးလောက်တော့ ဆောင်ထားသင့်ပါတယ်။ အသားရောင်နဲ့ အနီဘက်သမ်းတဲ့အရောင်ပေါ့။ အသားရောင်က နေ့ဘက်တွေအတွက်၊ အနီဘက်သမ်းတဲ့ အရောင်တွေက ညဘက်တွေမှာ ဆိုးဖို့ပါ။ မိတ်ကပ်မလိမ်းပေမဲ့ နှုတ်ခမ်းနီကြောင့် လူက ပိုမိုလင်းလက်တောက်ပသွားရတယ်လေ။

Source : Shape

Share

Loading Next Article...
က္က