လှလှပပလေး ဖြစ်နေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ဆန္ဒပါပဲ..
 

ကိုယ့်ရဲ့အမှတ်တရ အခိုက်အတန့်လေးတွေကို ဓာတ်ပုံလေးတွေနဲ့ မှတ်တမ်းတင် သိမ်းဆည်းဖြစ်ကြပါတယ်။ ခရီးသွားတဲ့အခါမှာဆိုရင်လည်း နောက်ခံရှုခင်းလေးနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ခဲ့ကြတယ်လေ။ ဒါမှမဟုတ်လည်း စိတ်ပြေလက်ပျောက် ဆယ်လ်ဖီဆွဲပြီး ဖေ့စ်ဘွတ်ပေါ်ကို တင်လိုက်တာပေါ့။ ဓာတ်ပုံထဲမှာ ကိုယ့်ကို ပိုပြီးလှနေစေမယ့် ဒီဇိုင်းတွေ ရှိတယ်ဆိုတာရော သိပါရဲ့လား?



 

၁။ ချပ်ချပ်ရပ်ရပ်

ခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ဒီဇိုင်းတွေပေါ့။ အသားထူထူနဲ့ ခန္ဓာကိုယ်ကို ချပ်ချပ်ဖြစ်သွားစေတဲ့ ဒီဇိုင်းမျိုးလေ။ တော်ရုံဘော်ဒီကိုတောင် အမိုက်စားဖြစ်သွားစေတယ်။

 

၂။ စကတ်ဘောင်းဘီရှည်

Skinny Jean တွေကို ဝတ်ရတာ ကြိုက်သလား။ တကယ်တမ်းကျတော့ ဓာတ်ပုံထဲမှာ ကိုယ့်ကို ပိုလှစေတာ စကတ်ဘောင်းဘီပွတွေပါ။ မယုံရင် စမ်းဝတ်ပြီး ဓာတ်ပုံရိုက်ကြည့်ပါ။ စမတ်ကျတဲ့အသွင် ပေါ်လွင်လာပါလိမ့်မယ်။

 

၃။ ဒူးဖုံးစကတ်ကား

ခန္ဓာကိုယ် အချိုးအစား ဟန်ချက်ကို မျှသွားစေပါတယ်။ ပြီးတော့ လူကိုလည်း ပေါ့ပါးသွက်လက်တဲ့အသွင် မြင်ရစေပါတယ်။

 

၄။ ကော်လံပါတဲ့ရှပ်အကျႌ

Classic ဖြစ်တယ်လေ။ စမတ်ကျကျနဲ့ သွယ်သွယ်လျလျပုံစံ ဖြစ်ချင်ရင်တော့ ကော်လံပါတဲ့ရှပ်တစ်ထည်ကို ဘောင်းဘီရှည်နဲ့သာ တွဲဝတ်လိုက်။

 

၅။ Shoulder off

ပုခုံးနဲ့ ရင်ဘတ်အပေါ်ပိုင်း( လက်မောင်းအပေါ်ဘက်ဝန်းကျင်)ကို ဖော်ပြထားတာက အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိနေစေပါတယ်။ ကိုုယ်က ပိန်ရင် ခပ်ပွပွဝတ်ပါ။ တကယ်လို့ ရင်သားနည်းနည်း ပိုထွားရင် ကျပ်ကျပ်လေးဝတ်ပြီး ဆက်ဆီကျတဲ့ဒီဇိုင်းမျိုး ဖြစ်သွားမှာပေါ့။ အတော်အသင့်အရွယ် ရင်သားရှိသူတွေဟာ shoulder off အကျပ်လေးဝတ်လိုက်တာနဲ့ကိုု ပိုပြီးသလိုဖြစ်သွားရော။

 

၆။ ဘလေဇာကုတ်

ကိုယ်နဲ့ကွက်တိဖြစ်နေတဲ့ ဘလေဇာကုတ်ဟာ ကိုယ့်ကို မော်ဒယ်တစ်ဦးလို ဖြစ်သွားစေပါတယ်။ လက်ရှည် ဘလေဇာကုတ်နဲ့ ဘောင်းဘီရှည်ကို တွဲဝတ်ထားရင် စတိုင်အရမ်းမိုက်သွားပါလိမ့်မယ်။

Source : Purewow


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က