အမေပေးတဲ့ အလှအပအကြံဉာဏ်တွေကို အခြားလူပြောတာထက် ပိုလက်ခံတယ်လို့ ဆိုပါတယ်။
 

အလှအပရေးရာနဲ့များ သက်ဆိုင်တဲ့ ကိစ္စတစ်ခု ရှိလာပြီဆို အရင်ဆုံးမြင်ယောင်မိတာ အမေပါပဲ။ အမေက အလှအပအတွက်ဆို အကောင်းဆုံးကဘာလဲဆိုတာ သေသေချာချာ သိတယ်လေ။ အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီး ၅၀၀ ဦးကို မေးမြန်းရာမှာတော့ ၆၄ ရာခိုင်နှုန်းသော ဖြေကြားသူတွေဟာ အမေပေးတဲ့ အလှအပအကြံဉာဏ်တွေကို အခြားလူပြောတာထက် ပိုလက်ခံတယ်လို့ ဆိုပါတယ်။

 

Look Fabulous Forever အလှကုန်အမှတ်တံဆိပ်က အမေများနေ့ကို ကြိုဆိုဂုဏ်ပြုလိုတဲ့အနေနဲ့ ဒီစစ်တမ်းကို ကောက်ယူခဲ့တာပါ။ မိခင်တွေဟာ သမီးဖြစ်သူအတွက် အလှအပနဲ့သက်ဆိုင်တဲ့ အကြံဉာဏ်ကိုပေးရာမှာ အသားအရေထိန်းသိမ်းရေးနဲ့ ကျန်းမာရေးနဲ့ဆက်နွှယ်တဲ့ အလှအပကိုပိုပြီး သတိပေးကြပါတယ်။ ဥပမာအားဖြင့် နေလောင်ဒဏ်ခံအောင် ဝတ်ဆင်ဖို့၊ မျက်နှာသစ်၊ ခြေလက်ဆေးပြီးမှ အိပ်ရာဝင်ဖို့တွေကို အဓိကတိုက်တွန်းကြပါတယ်။ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နေဖို့ကို ပြောတာလည်း အမေတွေပါပဲ။

 

မေးမြန်းမှု ရလဒ်တွေအရ ၂၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ မိခင်ဖြစ်သူပြောတဲ့ မျက်နှာနဲ့လည်ပင်းကို အစိုဓာတ်ဖြည့်ခရင်မ်လူးဖို့ကိစ္စကို လိုက်နာကြပါသတဲ့။ ၁၈ ရာခိုင်နှုန်းကတော့ မျက်နှာကို သန့်ရှင်းဖို့အကြံပေးတဲ့ မိခင်ရဲ့စကားကို လိုက်နာကြပါတယ်။ ၁၇ ရာခိုင်နှုန်းရဲ့ မိခင်တွေတော့ နေရောင်ကာလူးဆေးလိမ်းဖို့ အကြံပေးတယ်လို့ ဆိုပါတယ်။ ၁၄ ရာခိုင်နှုန်းရဲ့ အဖြေကတော့ အောက်ခံမိတ်ကပ်လိမ်းတဲ့နည်းလမ်းတွေဖြစ်တယ်လို့ ပြောပါတယ်။ ၁၂ ရာခိုင်နှုန်းက မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေကို ပုံမှန်ဆေးကြောဖို့၊ ၁၁ ရာခိုင်နှုန်းက မျက်လုံးကိုခြယ်သဖို့၊ နှုတ်ခမ်းကိုလိုင်နာကွပ်ဖို့လို့ ဆိုတယ်။ ဒါပေမဲ့ နှစ်ခုလုံးတော့ မလုပ်ရပါဘူး။ ၈ ရာခိုင်နှုန်းက မျက်လုံးကို ခရင်မ်လူးဖို့နဲ့ ကျန် ၆ ရာခိုင်နှုန်းကတော့ သူတို့ရဲ့မိခင်တွေက သက်တမ်းကုန်ပစ္စည်းတွေ မသုံးဖို့ ပေးတဲ့အကြံကို လိုက်နာတယ်လို့ ဖြေကြားခဲ့ကြပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က