အဆီ၊ အငံ၊ အချိုတို့ကို များများစားရင်လည်း ရုပ်ရင့်စေပါတယ်။
 

မှန်ထဲကိုကြည့်လိုက်ပါ။ ကိုယ်နဲ့ရွယ်တူတွေထက် ကိုယ့်ရုပ်ရည်က ပိုပြီးရင့်နေသလား။ အသက် ၃၀ မပြည့်သေးခင်ကတည်းက မျက်နှာပေါ်မှာ အရေးအကြောင်းတွေ တွေ့နေရပြီဆိုရင်တော့ သိပ်မဟုတ်သေးပါဘူး။ သူများတွေကလည်း ကိုယ့်ကို လက်ရှိအသက်ထက်ပိုပြီး ကြီးတယ်လို့ ထင်နေကြတယ်ဆိုတာ ကိုယ့်မျက်နှာက ရှိသင့်တဲ့နုပျိုမှု မရှိလို့ပေါ့။ ကိုယ့်ရဲ့နုပျိုမှုကို ကိုယ်တိုင်ဖျက်ဆီးနေမိတာမျိုး မဖြစ်ရအောင် ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်။

 

၁။ အစားအသောက်

အစားအသောက်ကို မှန်ကန်စွာ မရွေးချယ်တတ်ခြင်းကလည်း အကြောင်းရင်းတစ်ခုပါ။ လုံလုံလောက်လောက် စားသုံးရမှာဖြစ်သလို အလွန်အကျွံမစားမိဖို့လည်း လိုအပ်ပါတယ်။ အသား၊ငါး၊ အသီးအရွက်နဲ့ ကစီဓာတ်တို့ကို မျှတအောင် စားသုံးပေးသင့်ပါတယ်။ အဆီ၊ အငံ၊ အချိုတို့ကို များများစားရင်လည်း ရုပ်ရင့်စေပါတယ်။

 

၂။ အိပ်ရေးမဝခြင်း

အိပ်စက်ခြင်းဟာ ကျန်းမာဖို့၊ ပျော်ရွှင်ဖို့၊ အလုပ်တွေများများလုပ်နိုင်ဖို့အတွက် အဓိကကျဆုံး အရာတစ်ခု ဖြစ်ပါတယ်။ အိပ်ရေးမဝဘူး၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးဆိုရင်လည်း လူက ရှိရင်းစွဲထက် ပိုအိုစာလာပါတယ်။

 

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှု နည်းနည်းလောက်ရှိတာက ကောင်းပါတယ်။ ကိုယ့်ကို တပ်လှန့်သလို ဖြစ်နေတော့ အလုပ်ပိုလုပ်ဖြစ်သွားတယ်လေ။ ဒါပေမဲ့ အချိန်တိုင်း စိတ်ဖိစီးမှုကို ရင်ဆိုင်နေရပြီဆိုရင်တော့ ခေါင်းကိုက်တာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ပျိုမှ ကိုယ်နုမှာပါ။

 

၄။ လှုပ်ရှားမှုမရှိခြင်း

တစ်နေကုန် အိပ်နေတာ၊ ထိုင်နေတာကြောင့် ရောဂါပေါင်းစုံ ဝင်လာနိုင်ပါတယ်။ အဝလွန်တာ၊ ဆီးချိုနဲ့ ကြွက်သားတွေ အားနည်းလာပြီး အရေပြားတွေကလည်း တင်းရင်းမှု လျော့နည်းသွားပါတယ်။

 

၅။ အဆိပ်အတောက်

လေထုညစ်ညမ်းမှုဟာ အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက ကလီစာတွေအတွက်လည်း မကောင်းပါဘူး။ ထိုနည်းတူစွာပဲ မသန့်ရှင်းတဲ့ ရေ၊ လေ၊ အစားအသောက်နဲ့ ညစ်ညမ်းတဲ့အရာတွေကို ထိတွေ့နေရခြင်းဟာ လူကိုအိုမင်းရင့်ရော်စေပါတယ်။

၆။ စွဲလမ်းခြင်း

မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်တို့ကို စွဲလမ်းနေတာ မကောင်းပါဘူး။ တစ်ခါတစ်လေဆိုတာမျိုးကနေ မကြာခဏ အဆင့်ထိ ရောက်လာပြီဆိုတာနဲ့ မရရအောင် ဖြတ်ပစ်ပါ။

Source : Prevention


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က