ခုံအသစ်တစ်လုံး ဝယ်မယ်ဆို ပိုက်ဆံပိုကုန်တာပေါ့။ ကိုယ့်ဘာသာကိုယ်လုပ်ကြည့်ရင် လှလှလေးတစ်ခု ထပ်ရမယ်လေ။
 

ခေါက်လို့ရတဲ့ သံကုလားထိုင်လေးတွေက ခိုင်ခံ့ပေါ့ပါးပြီး အကြမ်းခံပါတယ်။ အိမ်က စာကြည့်စားပွဲမှာ ထားဖို့အတွက် အကောင်းဆုံးခုံလေးတွေပေါ့။ ဈေးလည်း မကြီးဘူးဆိုတော့ ဝယ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်ကြာလာတဲ့အခါ သံကုလားထိုင်လေးက ဆေးတွေလည်း ကွာလာပါပြီ။ အရောင်တွေလွင့်၊ ကြေး (ဂျီး)တွေကပ်နဲ့ ကြည့်လို့မလှတော့ဘူးလေ။ အသစ်တစ်လုံး မဝယ်ဘဲနဲ့ နောက်ထပ် အသစ်တစ်လုံးဖြစ်အောင် လုပ်ကြည့်ပါလား။

 

အရောင်လည်း ပြန်တင်ရမှာဆိုတော့ မှုတ်ဆေးဘူးလိုပါတယ်၊ ထိုင်တဲ့ဆိုဖာက တင်းရင်းမှုမရှိဘူးဆိုရင် ဖော့အသစ်လည်းလိုမယ်။ အုပ်ဖို့အတွက် ဖယောင်းပုဆိုးတစ်စလည်း လိုပါတယ်။ ခုံကို သေသေချာချာ သုတ်လိုက်ပါ။ ကြေးတွေ ကပ်နေရင် ပြောင်သွားအောင် သုတ်ရတာ ဖြစ်ပါတယ်။ ထိုင်တဲ့နေရာကို မူလီလေးတွေနဲ့ စုပ်ထားတာမို့လို့ ဝက်အူလှည့်လေးနဲ့ရစ်ပြီး ဖြုတ်ထားလိုက်ပါ။

 

မူလအရောင်နဲ့ မတူတဲ့ မှုတ်ဆေးအရောင်နဲ့ မှုတ်လိုက်တာ ပိုကောင်းပါတယ်။ ဖြုတ်ထားတဲ့ ဆိုဖာရဲ့ အပေါ်ယံဖော့ကို ခွာလိုက်ရင် အောက်မှာ သစ်သားပြားရှိပါတယ်။ သစ်သားပြားနဲ့တိုင်းပြီး ဖော့ကိုဖြတ်ယူပါ။ အပေါ်ကနေ ဖယောင်းပုဆိုးနဲ့အုပ်ပြီး ပြန်တွဲပေးလိုက်ရပါမယ်။ စောနက ဖြုတ်ထားတဲ့ မူလီလေးတွေနဲ့ ခုံမှာပြန်တပ်လိုက်ရင် ခုံအသစ်တစ်လုံး ဖြစ်သွားပြီပေါ့။ ကိုယ့်ဘာသာ တစ်ယောက်တည်းလုပ်ပြီး ခုံကို မူလနေရာမှာပြန်ထားလိုက်လို့ကတော့ အိမ်ကလူတွေက ခုံအသစ်ဝယ်လိုက်တာလားလို့ပဲ ဝိုင်းမေးကြပါလိမ့်မယ်။

Source : Crafty

Share

Loading Next Article...
က္က